About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အနာဂတ် iPhone နှင့် iPad များက သူခိုးများကို ဖမ်းဆီးရာတွင် အကူအညီ ပေးနိုင်မည်


Apple ၏ မူပိုင်ခွင့် တစ်ခုတွင် iOS ထုတ်ကုန်များဖြင့် ရဲများက သူခိုးများကို လွယ်ကူစွာ ခြေရာခံနိုင်ရန် ၎င်းတို့အား ဓာတ်ပုံနှင့် ဗီဒီယိုများ အလိုအလျောက် ရိုက်ကူးခြင်းနှင့် Touch ID sensor မှတစ်ဆင့် လက်ဗွေ အချက်အလက်များ ရယူခြင်းတို့ကို ပြုလုပ်ပေးမည် ဖြစ်သည်။
၎င်းအစီအစဉ်သည် သူခိုးများက ဖုန်းကိုဖွင့်ရန် ကြိုးစားရာ၌ မအောင်မမြင်ဖြစ်သည့်အခါတွင်ဖြစ်စေ သို့မဟုတ် အခြားထုတ်ကုန်မှ Find My iPhone အသုံးပြု၍ အကာအကွယ်များ အသုံးပြုရာတွင်ဖြစ်စေ စတင်အလုပ်လုပ်မည်ဖြစ်ကြောင်း မူပိုင်ခွင့်တွင် ဖော်ပြထားသည်။
iPhone နှင့် iPad များတွင် သူခိုးများရန်မှ ကာကွယ်ရန် လုံခြုံရေး အစီအမံများစွာ ရှိနေသည်။ Find My iPhone သည် ပျောက်ဆုံးသွားသော ထုတ်ကုန်များကို ရှာဖွေနိုင်သည်။ Activation Lock မှာမူ မူလထုတ်ကုန်ပိုင်ဆိုင်သူ၏ Apple ID နှင့် password အသုံးမပြုဘဲ iOS ထုတ်ကုန်များကို reset မပြုလုပ်နိုင်ပေ။ သို့သော်ယခု မူပိုင်ခွင့်သည် iOS ထုတ်ကုန်ခိုးယူသူများကို သက်သေအထောက်အထားဖြင့် ဖော်ထုတ်ရန် ဥပဒေဘက်တော်သားများကို ကူညီနိုင်မည် ဖြစ်သည်။
Ref: 9to5Mac
Share
Banner

ကိုမိုး

Post A Comment:

0 comments: