About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

စမတ်ဖုန်းများဖြင့် အသုံးပြုနိုင်မည့် အဝတ်လျှော်ဝန်ဆောင်မှု Mobile Application ထွက်ရှိ


ပြည်တွင်းရှိ Shine Laundry နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် Laundry.com.mm မှ ထုတ်လုပ်သည့် မြန်မာပြည်တွင် ပထမဆုံး အဝတ်လျှော်ခြင်း (Laundry) ဝန်ဆောင်မှု Mobile Application ထွက်ရှိလာကြောင်းသိရသည်။ အဆိုပါ Application ကို BOD Technology ကုမ္မဏီမှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးထားကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ယာဉ်ကြောကျပ်တည်းမှုများကို Customer များအနေနဲ့ မဖြေရှင်းရဘဲ လာရောက်ယူဆောင်ပေးတဲ့ ဝန်ဆောင်မှုနဲ့အတူ ပြန်လည်ပို့ဆောင်ပေးမဲ့ ဝန်ဆောင်မှုများကိုပါ တိတိကျကျ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Laundry Service က နိုင်ငံတကာ Laundry Service တွေနဲ့ အတူတူပါပဲဆိုတာကို သက်သေပြေသွားမှာပါ” ဟု laundry.com.mm ၏ CEO ကိုစိုင်းလင်းက ပြောပြခဲ့သည်။
Laundry.com.mm Mobile Application ကို Android အတွက် Google PlayStore နှင့် iOS အတွက် App Store တို့တွင် လွယ်ကူစွာ Download ပြုလုပ်နိုင်မည်ဖြစ်ပြီး Facebook အကောင့်ဖြင့်ဖြစ်စေ၊ Gmail အကောင့်ဖြင့်ဖြစ်စေ အမည်၊ ဖုန်းနံပါတ်တို့ကို ဖြည့်စွက်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့် အခြောက်လျှော်ခြင်း၊ ရိုးရိုးလျှော်ခြင်း စသည့်ဝန်ဆောင်မှုများကို ရွေးချယ်ပြီး လာရောက်ယူဆောင်ရမည့် နေရပ်လိပ်စာ၊ အချိန် စသည်တို့ကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ကာ ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။
laundry.com.mm သည် အဝတ်အထည်များကို လာရောက်ယူဆောင်ပေးခြင်း၊ လျှော်ဖွပ်ပြီး အဝတ်များကို ပြန်လည်ပို့ဆောင်ပေးခြင်းများကို လျင်မြန်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တန်ဖိုးကြီး အဝတ်အထည်များကိုလည်း ထိခိုက်ပျက်စီးခြင်းမရှိအောင် လျှော်ဖွပ် အခြောက်ခံပေးခြင်းများကိုလည်း အကောင်းဆုံးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Share
Banner

ကိုမိုး

Post A Comment:

0 comments: