About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Telenor ဆင်းမ်ကတ်မှတ်ပုံတင်ထားရှိမှု ကုတ်နံပါတ်အသစ်ဖြင့်စစ်ဆေးနိုင်


Telenor ဆင်းမ်ကတ်အသုံးပြုသူများအနေဖြင့် ကုတ်နံပါတ်အသစ်တစ်ခုဖြင့်စတင်စစ်ဆေးနိုင်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ *979*3*3# သို့ခေါ်ဆို၍ ဆင်းမ်ကတ်မှတ်ပုံတင်ထားမှုရှိ၊မ ရှိ စစ်ဆေးနိုင်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်ထားသော တယ်လီနောအမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင် ၉၀ ခန့်သို့ သွားရောက်၍ သော်လည်းကောင်း၊ တယ်လီနောကောလ်စင်တာသို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း စစ်ဆေးနိုင်ကြောင်း သိရသည်။ ထို့အပြင် စာတို SMS ပို့ခြင်းဖြင့် စစ်ဆေးရန် ‘REG’ စာလုံးကိုရိုက်ပြီး ဖုန်းနံပါတ် ‘၅၀၀’ သို့လည်း ပေးပို့စစ်ဆေးနိုင်ကြောင်း သိရသည်။
မှတ်ပုံမတင်ရသေးသော ဆင်းကတ်များကို မှတ်ပုံတင်ခြင်းကိုမှု လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်ထားသော တယ်လီနောအမှတ်တံဆိပ် ကိုယ်ပိုင်အရောင်းဆိုင်များတွင် ပြုလုပ်ပေးလျက်ရှိသည် ဟုဆိုသည်။
Share
Banner

ကိုမိုး

Post A Comment:

0 comments: