Apple သည် ၎င်း၏ပထမဦးဆုံး iOS Developer Academy ကို Naples Federico II တက္ကသိုလ်ရှိ San Giovanni တက္ကသိုလ်နယ်မြေတွင် အောက်တိုဘာ ၆ ရက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အကယ်ဒမီတွင် ပထမအသုတ်အနေဖြင့် ကျောင်းသားဦးရေ ၂၀၀ လက်ခံသွားမည်ဖြစ်သည်။
iOS Developer Academy ကို တက်ရာက်ခွင့်ရသည့် ကျောင်းသား ၂၀၀ သည် iPhone, iPad နှင့် Macbook တစ်လုံးစီရရှိမည်ဖြစ်သည်။ ၉ လအကြာ တက်ရောက်ရမည့် သင်တန်းသည် အခမဲ့ဖြစ်ပြီး ၎င်းသင်တန်းသည် Apple နှင့် Naples Federico II တက္ကသိုလ်တို့အကြား ဒေါ်လာ ၁၁ သန်းတန် ပူးတွဲရင်းနှီးမျြုပ်နှံမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူ ကျောင်းသား ၂၀၀ သည် သင်တန်းလျှောက်ထားသူ ၄,၀၀၀ ခန့်ဖြင့် ယှဉ်ပြိုင်ခဲ့ရကြောင်း Guradian မှဖော်ပြခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ကျောင်းသားဦးရေ ၄၀၀ အထိ တိုးချဲ့နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
Admin>>>internetjournal.media
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: