နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့တဲ့ Note 7 ဖုန်းကြောင့် Samsung ရဲ့ အမြတ်ငွေတွေ ကျဆင်းမယ်လို့ ထင်ခဲ့ကြပေမယ့်၊ တကယ်တမ်းတော့ ကုမ္ပဏီဟာ အမြတ်တွေ တက်ဆဲဖြစ်ပါတယ်။
Samsung ကုမ္ပဏီက ယနေ့ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ် (Q3 2016) ကြိုတင်အစီရင်ခံမှာ Samsung ကုမ္ပဏီဟာ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ (အခွန်နဲ့ နှင့်အတိုးများမနှုတ်ရသေး) ဒေါ်လာ ၇ ဘီလီယံလောက် ရရှိဖို့ ခန့်မှန်းထားကြောင်း ဖော်ပြထားပါတယ်။
ယခုလုပ်ငန်းအမြတ်ငွေပမာဏဟာ လွန်ခဲ့တဲ့နှစ် Q3 တုန်းက ဒေါ်လာ ၃.၆ ဘီလီယံအမြတ်ငွေထက် နှစ်ဆလောက် များနေတာကို တွေ့ရပါတယ်။
ဒီအစီရင်ခံဟာ ဈေးကွက်ကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့ ပမာဏထက် အဆပေါင်းများစွာ ကျော်လွန်နေတာဖြစ်ပြီး၊ Note 7 ဖုန်းကို တစ်ကမ္ဘာလုံးပြန်သိမ်းခဲ့ရပေမယ့် Samsung အတွက် အမြတ်ပမာဏက လျော့ကျမသွားဘူးဆိုတာ သက်သေပြနေပါတယ်။
Samsung ဟာ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ အီလက်ထရောနစ်ပစ္စည်းများစွာ ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်တာကြောင့်၊ ဒီအမြတ်ငွေမှာ ကုမ္ပဏီရဲ့ တခြားဌာနတွေက ဝင်ငွေကလည်း အများကြီးသက်ရောက်မှုရှိမှာပါ။
ဆိုးလ်အခြေစိုက် IBK Securitites က ဈေးကွက်ပညာရှင် လီဆွန်ဝူးရဲ့ ပြောကြားချက်အရ Samsung ရဲ့ ချစ်ပ်ထုတ်လုပ်မှုလုပ်ငန်းဟာ တော်တော်ကြီးကို အခြေအနေကောင်းနေကြောင်း သိရှိရပါတယ်။
admin>>>digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: