(၂၀၁၆) ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ်များစစ်တမ်း (Best Global Brands 2016 Rankings) မှာ Apple ကပထမ နေရာ နဲ့ Google က ဒုတိယ နေရာတို့မှာ ရပ်တည်ခဲ့ပါတယ် ။ ဒါဟာ Apple နဲ့ Google အတွက်တော့ မိမိတို့ရဲ့ ရပ်တည်မှုကို (၄) နှစ်ဆက်တိုက် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ ခြင်းလည်းဖြစ်တယ်လို့ သိရပါတယ် ။
Interbrand ကုမ္ပဏီက နှစ်စဉ် ပြုလုပ်နေကြဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ်များစစ်တမ်း (Best Global Brands Rankings) ဟာ ကမ္ဘာကျော် အမှတ်တံဆိပ်ကုမ္ပဏီတွေရဲ့ Brand Value အလိုက် သတ်မှတ်တာဖြစ်ပြီး Brand Value အများဆုံး Brand အခု (၁၀၀) ကိုသာ ရွေးချယ်တာဖြစ်ပါတယ် ။ ကမ္ဘာကျော် Brand တွေရဲ့ Brand Value တွေဟာ အရင်နှစ်ကတန်ဖိုးနဲ့ ယှဉ်ရင် ယခုနှစ်မှာ ဘယ်လောက်ရာခိုင်နှုန်းတိုးပြီး ၊ ဘယ်လောက် ရာခိုင်နှုန်းလျော့ကျသွားတယ်ဆိုတာကိုလည်း စာရင်းပြုစုပေးတာဖြစ်ပါတယ် ။
ယခုနှစ်ရဲ့ စာရင်းမှာ ထိပ်ဆုံးကရပ်တည်ခဲ့တဲ့ Apple ဟာ Brand Value ဒေါ်လာ (၁၇၉.၁၁၉) ဘီလီယံ ဖြစ်ပြီး ယခင်နှစ်ထက် (၅) ရာခိုင်နှုန်းသာတိုးတက်ခဲ့တာဖြစ်ပါတယ် ။ ဒုတိယနေရာက Google ကတော့ Brand Value ဒေါ်လာ (၁၃၃.၂၅၂) ဘီလီယံ ဖြစ်ပြီး ယခင်နှစ်ထက် (၁၁) ရာခိုင်းနှုန်းတိုးတက်လာခဲ့တာဖြစ်ပါတယ် ။
အကောင်းဆုံး (၁၀) ခုစာရင်းမှာ နည်းပညာ Brand (၇) ခု ပါဝင်ခဲ့ပြီး Microsoft က နံပါတ် (၄) နေရာ ၊ Toyota က နံပါတ် (၅) နေရာ ၊ IBM က နံပါတ် (၆) နေရာ ၊ Samsung က နံပါတ် (၇) နေရာနဲ့ Macedes က နံပါတ် (၈) နေရာတို့မှာ အသီးသီး ရပ်တည်ခဲ့ကြတာဖြစ်ပါတယ် ။
Social Media Brand တွေထဲမှာတော့ Facebook တစ်ခုသာပါဝင်ခဲ့ပြီး Brand Value ဒေါ်လာ (၃၃.၅၉၃) ဘီလီယံ နဲ့ နံပါတ် (၁၅) နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ် ။
စာရင်းအပြည့်အစုံကို ပုံမှာကြည့်ရှုနိုင်ပါတယ် ။
Admin>>>digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: