၁၉၈၀ခုနှစ်၊ မေလအတွင်းမှာ ကမ္ဘာ့ပထမဆုံး Pac-Man ဂိမ်းစက်ကို စတင်မိတ်ဆက်ခဲ့ပြီးနောက်၊ အောက်တိုဘာလ ၁၀ရက်နေ့မှာတော့ မြောက်အမေရိကတိုက်ကို စတင်ဖြန့်ချိခဲ့ပြီးနောက်မှာ Pac-Man ရောဂါပိုးစတင် ဝင်ရောက်လာခဲ့ပါတယ်။ ဂျပန်ဂိမ်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Namco က ထုတ်လုပ်တဲ့ ဂိမ်းအနေနဲ့ စတင်ထုတ်လုပ်စဉ်ကတည်းကရင်း ယခုအချိန်ထိ အောင်မြင်နေဆဲ ဂိမ်းတစ်မျိုးလဲဖြစ်ပါတယ်။
ဂိမ်းရဲ့အောင်မြင်မှုပမာဏ ဘယ်လောက်အရှိန်အဟုန်ကြီးမားသလဲ ဆိုရင် အဆိုပါကာလတွေရဲ့ ဂန္တဝင်လို့တောင်ပြောနိုင်ပြီး ၁၉၈၀ပြည့်လွန်နှစ်တွေရဲ့ Icon/Culture တစ်ခုဖြစ်လာခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် Pac-Man ဂိမ်းစက်ကို အဲ့ဒီကာလတွေကို အခြေခံ ရိုက်ကူးထားတဲ့ X-Men: Day Of The Future Past, X-Men: Apocalypse စတဲ့ ဇာတ်ကားတွေထဲက ဇာတ်ကောင် Quicksilver ဟာ သူ့အခန်းထဲမှာ Pac-Man ဆော့ကစားနေတာကို ရုပ်ရှင်ပရိတ်သတ်တွေ သိနိုင်လောက်ပါတယ်။
အမေရိကားမှာ မထုတ်လုပ်ခင်အထိ အောင်မြင်မှုသိပ်မရရှိသေးတဲ့ ဂိမ်းအနေနဲ့ အမေရိကားမှာ အောက်တိုဘာလ ၁၀ရက်နေ့မှာ ထုတ်လုပ်ပြီးနောက်ပိုင်း ဗီဒီယိုဂိမ်းသမိုင်းမှာ ပထမဆုံး အကြီးမားဆုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့တာပါ။ ဒါကြောင့် “Pac-Man Fever” လို့ဆိုရလောက်တဲ့အထိ ဗီဒီယိုဂိမ်းသမိုင်းနဲ့ Mainstream Culture မှာ အောင်မြင်မှု ရရှိခဲ့တာပဲဖြစ်ပါတယ်။
Pac-Man ကို ၁၉၈၀ခုနှစ်၊ မေလတွင်းမှာ စတင်ထုတ်ဖော်ခဲ့တဲ့အကြောင်း ဒီနေရာကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
Admin>>>Digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: