About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

လှိုင်းနှုန်း ထုတ်လွှင့်နိုင်သည့် ရေဒီယို ပစ္စည်းများအား ခွင့်ပြုချက် မရှိဘဲ အသုံးမပြုရန် ထပ်မံကြေညာ


လှိုင်းနှုန်းထုတ်လွှင့်နိုင်သည့် ရေဒီယိုပစ္စည်းများအား ခွင့်ပြု ချက် မရှိဘဲ အသုံးမပြုရန် ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနက ထပ်မံကြေညာလိုက်သည်။
မည်သူမဆို VHF/UHF ရေဒီယို ဆက်သွယ်ရေးစက် ပစ္စည်းများ၊ လမ်းလျှောက် စကားပြောစက် (Walkie-Talkie) များ၊ Jammer များ၊ Cellular Repeater များ၊ GSM Repeater များ အပါအဝင် လှိုင်းနှုန်းထုတ်လွှင့်နိုင်သည့် ရေဒီယိုပစ္စည်းများ အားခွင့်ပြုချက်မရှိဘဲ တပ်ဆင် အသုံးပြုခြင်း၊ ပြည်သူလူထု အကျိုးစီးပွားနှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်သော ဆက်သွယ်ရေး ပစ္စည်းများအားတပ်ဆင် အသုံးပြုခြင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို ခွင့်ပြုချက်နှင့်လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အသုံးပြု ခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း စသည်များ မပြုလုပ်ကြရန် အသိပေး ကြေညာထားခြင်းဖြစ်သည်။
ထိုသို့ ဆောင်ရွက်ကြောင်း တွေ့ရှိပါကတည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ထပ်မံ အသိပေးကြေညာထားခြင်း ဖြစ်သည်။ မည်သူမဆို ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကိုဖြစ်စေ၊ လိုင်စင်ရယူပြီးမှ အသုံးပြုရန် သတ်မှတ်ထားသော ဆက်သွယ်ရေး ပစ္စည်းများ၊ လမ်းလျှောက် စကားပြောစက် (Walkie-Talkie) များနှင့် ကြိုးမဲ့ဆက်သွယ်ရေး လွှင့်ဖမ်းစက်များကို ဖြစ်စေခွင့်ပြုချက်နှင့် လိုင် စင်ရယူခြင်းမပြုဘဲ ဆောင်
ရွက်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် အသုံးပြုခြင်းမပြုရန် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေ ညာခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် ဆက်သွယ်ရေးပစ္စည်းများ လက်ဝယ်ထားရှိ အသုံးပြုရန်တွင် လိုင်စင်ထုတ်ပေး ခြင်းဆိုင်ရာ နည်းဥပဒေများအခန်း (၆)၊ နည်းဥပဒေ ၃၃ အရ တရား​ဝင်
တင်သွင်းထားသော ဆက်သွယ်ရေးပစ္စည်းများသည် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်လျှောက်ထား ရယူရမည်ဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တွင် ဆက်သွယ်ရေးပစ္စည်းများကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြု ခြင်းအတွက် ပြစ်မှုပြစ်ဒဏ်များကို ပြဌာန်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေ ညာချက်တွင် ဖော်ပြထားသည်။
                                                     Admin>>>internetjournal
                                                                       ကိုမိုး(နည်းပညာ)
                                                                       www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: