About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation


Facebook ဟာ Android ဖုန်းတွေအတွက် ‘Lite’ ဗားရှင်း App ကို မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ဟာ Messenger App ကြံ့ခိုင်မှုနည်းတဲ့ Processor, နည်းပါးတဲ့ Memory တွေသာ ပါဝင်တဲ့ ဖုန်းအဟောင်းတွေမှာ အသုံးပြုဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ Messenger lite App ကို လက်ရှိမှာ ကင်ညာ၊ မလေးရှား၊ သီရိလင်္ကာ၊ တူနီးရှားနဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ ရရှိနိုင်ပြီဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာ့တခြားဒေသတွေမှာ ရရှိနိုင်ဖို့အတွက် ရက်အတိအကျသတ်မှတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ဒီမတိုင်မီက ထုတ်လုပ်ခဲ့တဲ့ Facebook Lite App နဲ့ အတော်တူညီပြီး Messenger Lite ဟာ ဖွံ့ဖြိုးဆဲဈေးကွက်ထဲက အသုံးပြုသူတွေအတွက် ရည်ရွယ်ထားတာပါ။ ဒါပေမယ့် ဒီပေါ့ပါးတဲ့ App အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ Android ပစ္စည်းတွေအတွက်လည်း အလုပ်လုပ်ဖို့အတွက် ပြုလုပ်ထားတာ ဖြစ်ပြီး ဒေတာအသုံးပြုမှုနည်းနည်းနဲ့ ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့ အသုံးပြုနိုင်မှာပါ။
ဒါပေမယ့် သာမန်ဗားရှင်းနဲ့ Lite ဗားရှင်း ဘာတွေ ကွာခြားသွားတယ်ဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။ ဒါပေမယ့် Stories နဲ့ Chatbots တွေလို လုပ်ဆောင်ချက်တွေ မရရှိခဲ့ဘူးဆိုရင်လည်း အံ့သြစရာတော့မရှိပါဘူး။ လုံးဝအနည်းတကာ့အနည်းဆုံးဆိုရင်တောင်မှ Messenger Lite ဟာ ဓာတ်ပုံတွေလက်ခံနိုင်တာ၊ စတေကာနဲ့ Links တွေပို့နိုင်တာကတော့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုပုံစံ App ကို iOS အတွက် ဘယ်တော့ ထုတ်လုပ်မယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ (ကြည့်ရတာ Facebook ဟာ အခြေခံအဆင့်အတန်ုးမှာ ရှိနေတဲ့ Android စမတ်ဖုန်းတွေအတွက်သာ ရည်ရွယ်ထားဟန် ရှိပါတယ်) မြန်မာနိုင်ငံမှာ တော့မကြာမီအတောအတွင်းမှာ ရရှိနိုင်မယ်လို့ ထင်ရပါတယ်။
Share
Banner

ကိုမိုး

Post A Comment:

0 comments: