Google Translate မှာ ဘာသာပြန်ဖို့အတွက် စာရိုက်တာပြီး ဘာသာပြန်တာ တစ်ခုထဲ သုံးလို့ရတာမဟုတ်ပါဘူး။ Google Translate မှာ လုပ်ဆောင်ချက် တော်တော်များများ ရှိပါသေးတယ်။ ဒီအထဲက တစ်ခုဖြစ်တဲ့ Google Translate မှာ Image အနေနဲ့ ဘာသာပြန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။
ဥပမာ – သင့်အနေနဲ့ နိုင်ငံခြားကလာတဲ့ ပစ္စည်းတစ်ခုခု၊ (သွားတိုက်ဆေး၊ ခေါက်ဆွဲခြောက်၊ လျှပ်စစ်ပစ္စည်း စသည်) မှာ ထိုင်းစာ၊ တရုတ်စာ၊ ဂျပန်စာတွေပဲ ရေးထားလို့ ဖတ်ရတာ အခက်အခဲဖြစ်နေတယ်ဆိုရင် Image Translate က သင့်အတွက် အထောက်အကူ များစွာပေးနိုင်မှာပါ။ Google Translate ထဲက အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်တာကြောင့် အသုံးပြုရတာလည်း ရိုးရှင်းပါတယ်။
ဒါကြောင့် ဘယ်လိုအသုံးပြုရမယ်ဆိုတာ ပြသပေးမှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်တာကတော့ Google Translate App ပဲဖြစ်ပြီး သင့်အနေနဲ့ Google Play Store နဲ့ Apple iTunes တွေမှာ အလွယ်တကူ ဒေါင်းလုဒ်ပြုလုပ်နိုင်ပါတယ်။ Android ရော iOS ရော ကွာခြားမှုမရှိလို့ ကျွန်တော်ကတော့ Android ဖုန်းမှာပဲ စမ်းပြထားပါတယ်။
- Google Translate ကို Android များတွင် ဒေါင်းရန် ဒီနေရာကိုနှိပ်ပေးပါ။
- Google Translate ကို iOS များတွင် ဒေါင်းရန် ဒီနေရာကိုနှိပ်ပေးပါ။
ဒေါင်းလုဒ်လုပ်ပြီးပြီဆိုတာနဲ့ သင့်အနေနဲ့ App ကိုဖွင့်လိုက်ရင် တွေ့ရမယ့် ပုံစံကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ဒါကတော့ သာမန်ပုံစံတစ်ခုပါပဲ။ သင့်အနေနဲ့ Translate လုပ်မယ်ဆိုရင် ရိုက်ပြီး ထည့်လိုက်ရုံပါပဲ။
Image Translate ကတော့ Translate လုပ်လိုတဲ့ ဘာသာစကားတစ်ခုကို အရှေ့ဘက်မှာထည့်ပြီး နောက်ဘက်မှာ Output ထွက်လိုတဲ့ ဘာသာစကား (Eng သို့မဟုတ် မြန်မာ) တစ်ခုခုရွေးလိုက်ရုံပါပဲ။ စမ်းသပ်တဲ့အနေနဲ့ ကျွန်တော်က တရုတ်စာဘာသာပြန်လိုတဲ့အတွက် တရုတ်လိုရွေးထားပြီး အင်္ဂလိပ် Output ကိုရွေးထားပါတယ်။
ပြီးရင်တော့ အောက်ဖက်နားမှာရှိတဲ့ ကင်မရာပုံလေးကို ရွေးချယ်လိုက်ပါတယ်။ ပြီးတဲ့အခါ စမ်းသပ်တဲ့အနေနဲ့ တရုတ်လိုရေးသားထားတဲ့ စာသားတွေကို အောက်ပုံအတိုင်းချိန်လိုက်ပါတယ်။ အဓိကပြန်လိုတဲ့နေရာကို Align Text ဆိုတဲ့ ဘောင်ကွက်လေးထဲထည့်သွင်းပြီး အဓိကထားရိုက်ကူးပေးရမှာပါ။ ပြီးရင်ကင်မရာပုံလေးကို နှိပ်လိုက်ပါ။
ဒါဆိုရင် Scan လုပ်ပြီး စာသားတွေကို အောက်ပါပုံအတိုင်း အကွက်လေးတွေနဲ့ ပြထားမှာပါ။
ပြီးရင် ကိုယ်ဘာသာပြန်လိုတဲ့နေရာကို Highlight လုပ်ပေးရမှာပါ။ ကျွန်တော်ကတော့ အားလုံးကို ပွတ်ပြီး Highlight လုပ်လိုက်ပါတယ်။ ပြီးသွားရင် အပေါ်မှာ Translate လုပ်ထားတဲ့ စာသားကို တွေ့ရမှာဖြစ်ပါတယ်။
စာသားတွေကိုနှိပ်လိုက်ရင် App ထဲပြန်ဝင်သွားမှာ ဖြစ်ပြီး ပုံပါအတိုင်း Translate နဲ့ မူရင်းစာကို ပြသထားမှာ ဖြစ်ပါတယ်။ Xiaomi TV ပုံးပေါ်မှာရိုက်နှိပ်ထားတဲ့ Slogan စာသားပဲဖြစ်ပါတယ်။
တခြား ဂျာမန်၊ စပိန်၊ ပြင်သစ်တွေလို ဘာသာစကားတွေကတော့ ပိုမိုလွယ်ကူပြီး ပုံပေါ်မှာတင်တစ်ခါတည်း Translate လုပ်ပေးပါတယ်။
ကဲသင့်အနေနဲ့ ဒီလောက်ဆိုရင် ကိုယ့်မသိနိုင်တဲ့ ဘာသာစကားတွေကို အလွယ်တကူ ဘာသာပြန်နိုင်ပါပြီ။ သင့်အနေနဲ့ အကြောင်းအရာလေးက သင့်အတွက်အကျိုးရှိတယ်ဆိုရင် သူငယ်ချင်းတွေသိအောင် Social Media တွေမှာ Share လုပ်သွားနိုင်ပါတယ်။
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: