About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

YouTube ဗီဒီယိုတွေကို ဖုန်း Lock လုပ်ထားရင်းနဲ့ ဘယ်လိုဖွင့်မလဲ


YouTube ကနေ ဗီဒီယို၊ အသံဖိုင်တစ်ခုခုကို နားထောင်နေတာ ဒါမှမဟုတ် PlayList နဲ့သွင်းထားတဲ့ သီချင်းတွေကို ဖွင့်ထားချင်ရင် သင်ဟာအဆင်မပြေနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ YouTube မှာ Original အနေနဲ့ Background Play စနစ်မပါဝင်လို့ဖြစ်ပါတယ်။ ဒါကြောင့် သီချင်း/ဗီဒီယိုကို ဖွင့်ထားရင်း ဖုန်းကိုအားမကုန်စေချင်လို့ ပိတ်/Lock လုပ်လိုက်ရင် အဆိုပါဗီဒီယိုက Play တော့မှာ မဟုတ်ပါဘူး။
Android ဖုန်းတွေမှာ YouTube ဗီဒီယိုတွေကို Background Play အနေနဲ့ ဖွင့်ထားချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ အရင်ဆုံးလိုအပ်တာကတော့ ဖုန်းထဲမှာ Mozilla Firefox Browser ကိုသွင်းထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Browser ကို Google Play Store ကနေ ရှာပြီး ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
ပြီးသွားရင်တော့ သင့်ဖုန်းထဲက YouTube App ထဲကိုသွားပြီး ကိုယ်ဖွင့်ချင်တဲ့ ဗီဒီယို၊ Playlist ကို Search မှာ ရှာပြီးဖွင့်လိုက်ပါ။ ကျွန်တော်ကတော့ စိုင်းဆိုင်မောဝ်ရဲ့ Playlist တစ်ခုကို နမူနာအနေနဲ့ ရှာပြထားပါတယ်။ ပုံအတိုင်းပါပဲ။
how-to-background-play1  how-to-background-play2

ပြီးရင်တော့ Playlist ထဲကိုဝင်ပြီး အပေါ်ဆုံးမှာတွေ့ရတဲ့ Share လုပ်တဲ့ Button ကိုကလစ်လုပ်လိုက်ပါ။ ဒါဆိုရင် ပုံပါအတိုင်း Share လုပ်ရမယ့် နေရာတစ်ခုကို ရွေးချယ်ခိုင်းရင် Mozilla Firefox Browser ကိုရွေးပြီး တွဲပြထားတဲ့ပုံအတိုင်းအပေါ်ဆုံးက ဗီဒီယိုရဲ့ URL လိပ်စာလေးကို နှိပ်လိုက်ရင် ဝက်ဘ်ဆိုက်ရဲ့လိပ်စာကို Mozilla Firefox မှာဖွင့်ပေးပါလိမ့်မယ်။
how-to-background-play3  how-to-background-play4
ခုနက Playlist ကို Mozilla Browser မှာ ပွင့်သွားရင် ညာဘက်အပေါ်ထောင့်က Browser ရဲ့ Menu ကိုနှိပ်လိုက်ပါ။ YouTube Menu မဟုတ်ပါဘူး။ နှစ်ခုက အပေါ်အောက်ဖြစ်နေတော့ မှားမှာစိုးလို့ပါ။ ပုံပါအတိုင်း Menu Box လေးကျလာပါလိမ့်မယ်။
how-to-background-play5  how-to-background-play6
ဒါဆိုရင် အဲ့ဒီထဲက Request Desktop Site ကိုနှိပ်လိုက်ရင် YouTube List ကို Desktop ဗားရှင်းနဲ့ ပြသပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ ရပါပြီ။ သင့်အနေနဲ့ အဆိုပါဗီဒီယိုကို Play လုပ်လိုက်ရင် ဖုန်းကို Lock လုပ်ထားထား၊ Browser ကနေ အပြင်ပဲပြန်ထွက်ထွက် ဘယ်လိုလုပ်လုပ် ဗီဒီယိုက Background Play အနေနဲ့ Play လုပ်နေမှာဖြစ်ပါတယ်။
how-to-background-play7
iOS မှာလည်း အပေါ်ကအတိုင်းပဲ လွယ်ကူပါတယ်။ iOS ကတော့ ဘာမှမလိုပါဘူး။ အပေါ်ကပြသထားတဲ့ ပုံစံအတိုင်းပါပဲ။ YouTube ကနေ ကိုယ်ဖွင့်ချင်တဲ့ ဗီဒီယိုကို ဖွင့်ပြီးအပေါ်က Share Menu ထဲက Copy Link ကိုနှိပ်ပြီး Link ကို Copy ယူလိုက်ပါ။
how-to-background-play8
ပြီးရင်တော့ Safari Browser ထဲဝင်ပြီး youtube.com လို့ရိုက်ထည့်ပြီးရင် YouTube ရဲ့ Search bar ထဲမှာ URL ကို Paste လုပ်လိုက်ပါ။ ပြီးရင် Home Key နှိပ်ပြီး ပြန်ထွက်လိုက်ပါ။ ဒါဆိုရင် ဗီဒီယိုရပ်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့၊ Control Center ဘားကို ဆွဲတင်ပြီးရင် Play Button ကိုနှိပ်လိုက်တာနဲ့ လက်ရှိ Play လုပ်နေတဲ့ ဗီဒီယိုက အသံအနေနဲ့ ဆက်လက် Play လုပ်ပါလိမ့်မယ်။
ကဲဒီလောက်ဆိုရင်တော့ သင့်အနေနဲ့ အလွယ်တကူပဲ YouTube က ဗီဒီယိုတွေကို Background Play အနေနဲ့ ဖွင့်နိုင်ပါပြီ။ ရိုးရှင်းလွယ်ကူတာမို့ အထက်က အဆင့်တွေကို ပြုလုပ်ပြီး လုပ်နိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့အရာတွေကိုလည်း Comment Box မှာ ရေးပြီး ထားခဲ့နိုင်ပါတယ်။
Admin DigitalTime
                                                    ကိုမိုး(နည်းပညာ)
                                                    www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: