Microsoft ဟာ နာမည်ကျော် Paint tool ကို ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေပြင်ဆင်ကာ Windows 10 အတွက် ထုတ်ပေးဖို့ လုပ်ဆောင်လျက်ရှိပါတယ်။
Microsoft ဟာ Windows OS အသစ်တွေ ထုတ်ခဲ့ပေမယ့်၊ Paint ကိုတော့ ထူးထူးခြားခြားပြင်ဆင်တာမျိုး မရှိခဲ့ဘဲ၊ ယခု Windows 10 ကျမှ ပြင်ဆင်ဖို့ လုပ်နေတာဖြစ်ပါတယ်။
WalkingCat ဆိုသူ Twitter အသုံးပြုသူက စတင်တွေ့ရှိခဲ့တဲ့ Windows 10 Paint အသစ် သုံးပုံသုံးနည်းပြထားတဲ့ ဗီဒီယိုမှာ Paint app အသစ်ဟာ ဒီဇိုင်းအသစ်နဲ့ ဆွဲဆောင်မှုရှိနေတာကို တွေ့ရပါတယ်။
“Paint Preview” ဆိုတဲ့ ဗီဒီယိုအရ Windows 10 Paint အသစ်မှာ အရင်က Paint အတိုင်းနီးပါး feature စုံ ပါဝင်တဲ့အပြင်၊ 3D ပုံရိပ်တွေကိုလည်း support ပေးထားတာကို တွေ့ရပါတယ်။
Paint Preview အသုံးပြုသူတွေအနေနဲ့ Paint ထဲမှာတင် 3D ပုံတွေကို ရေးဆွဲပြင်ဆင်နိုင်မှာဖြစ်သလို၊ လိုသလိုလည်း ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီ့အပြင် Marker နဲ့ Art tool အသစ်တွေလည်း ပါဝင်လာတာတွေ့ရပြီး၊ ပန်းချီဒီဇိုင်းပညာရှင်တွေအနေနဲ့ Paint မှာတင် ဒီဇိုင်းတစ်ခုဖန်တီးနိုင်အောင် လုပ်ပေးထားတာတွေ့ရပါတယ်။
Tools တွေအကုန်လုံးကို Pen နဲ့သုံးတဲ့အခါမှာကော၊ Touch နဲ့ သုံးတဲ့အခါမှာကော အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ Paint interface ကိုက flat design နဲ့ သုံးချင်စဖွယ် ဆွဲဆောင်မှုရှိနေတာပါ။
Microsoft ဟာ Windows 10 အတွက် Paint အသစ်ရေးဆွဲနေကြောင်း လွန်ခဲ့တဲ့မေလကတည်းက သတင်းထွက်ပေါ်ခဲ့တာဖြစ်ပြီး၊ အဆိုပါအချိန်တုန်းကတော့ screenshot တွေနဲ့ပဲ မရေမရာတွေ့ခဲ့ရတာပါ။
အခုအခါ ဗီဒီယိုနဲ့ တွေ့ရှိရပြီဆိုတော့ Microsoft ဟာ ဒီ app အသစ်ကို ရေးဆွဲမှုပြီးသလောက်ရှိနေပြီ ဖြစ်တယ်လို့ ယူဆရပြီး၊ မကြာခင် တရားဝင်ထုတ်ပေးသွားဖွယ်ရှိပါတယ်။
ဒီလနှောင်းပိုင်းမှာလည်း Microsoft က အထူးပွဲတစ်ပွဲလုပ်သွားဖို့ရှိနေတယ်ဆိုတော့ အဆိုပါပွဲမှာ မိတ်ဆက်လာမယ်လို့ ခန့်မှန်းရပါတယ်။
Admin>>>digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: