အခုနောက်ပိုင်းမှာ
QR code ကို လုပ်ငန်း တော်တော်များများမှာ အသုံးပြုလာကြပါတယ်။ QR code
ကို လိပ်စာတွေ အရှည်ကြီး ရိုက်စရာမလိုဘဲ ဖုန်းကနေ QR scanner နဲ့ scan
ဖတ်ပြီး လိပ်စာတွေကို အလွယ်သိရှိနိုင်အောင် အသုံးပြု လာကြတာလည်း ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့လည်း ကိုယ်ပိုင် QR code တွေကို ဖန်တီး အသုံးပြုနိုင်မှာ
ဖြစ်ပါတယ်။
အခု ဖော်ပြပေးမယ့် နည်းကတော့ Third part လို့ခေါ်တဲ့ မိုဘိုင်း App တွေကို အသုံးမပြုဘဲ QR code တစ်ခုဖန်တီးခြင်းပဲ ဖြစ်ပါတယ်။
အရင်ဆုံးဖုန်းထဲက Browser app ကို နှိပ်ပြီး ဖွင့်လိုက်ပါ။

ကိုယ့်ဖုန်းက Google ၀က်ဘ် ဆိုက်ကို တန်းပေါ်တယ်ဆိုရင် တော့ အောက်ပုံမှာ ဖော်ပြထားတဲ့ QR code generator ဆိုတဲ့ စာသားကို ရိုက်ထည့်လိုက်ရုံပါပဲ။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ အရင်ဆုံး URL မှာ www.google.com ဆိုပြီး ရိုက်ထည့်ပေးပြီးမှ စာသားကို ထပ်မံထည့်သွင်းပေးရ မှာဖြစ်ပါတယ်။
ပြီးရင်တော့ Search ဆိုပြီး ရှာပေးရပါမယ်။ ပေါ်လာတဲ့ထဲက မှ QR Code Generator ဆိုတဲ့ စာသားကို ရွေးပေးပါ။ QR Code ကို Generator လုပ်ဖန်တီးနိုင်တဲ့ ဆိုက်တွေကတော့ အများကြီးရှိ ပါတယ်။ www.qrstuff.com ဆိုတဲ့ဆိုက်ကို ရွေးပါမယ်။

ကိုယ့်အနေနဲ့ မိမိစိတ်ကြိုက် QR code ပုံစံကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အပေါ်က URL ဆိုတာကတော့ ကိုယ့်ရဲ့ဝက်ဘ် ဆိုက်လိပ်စာကို QR အနေနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ အဲလိုပဲ Facebook, Linkedln, Instagram စတာတွေအပြင် တယ်လီဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာတွေကိုလည်း QR အနေနဲ့ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အခု URL ကို ဥပမာအနေနဲ့ လုပ်ပြသွားမှာ ဖြစ်ပါတယ်။ CONTENT ဆိုတဲ့ထဲက Website URL စာသားအောက်က အကွက်ထဲမှာ မိမိရဲ့ ၀က်ဘ်ဆိုက်လိပ်စာကို ထည့်ပါ။

QR code တစ်ခုက စကားလုံး သင်္ကေတပေါင်း ၄၂၉၆ လုံးထိ ကို ထည့်သွင်းသတ်မှတ် နိုင်ပါတယ်။ ဒါပေမယ့် အခမဲ့ပြုလုပ်နိုင်တဲ့ ၀က်ဘ်ဆိုက် တော်တော်များများ ကတော့ စာလုံးရေကို ကန့်သတ်ထားတာ များပါတယ်။
ပြီးရင်တော့ Foreground Colour ဆိုတဲ့နေရာမှာ QR code ရဲ့ အရောင်ကို ရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ၀က်ဘ်ဆိုက်ရဲ့ ညာဘက် အစွန်းနားက Download QR Code ကို နှိပ်ပြီး ကိုယ့်ဖန်တီးထားတဲ့ QR code ကို ရယူနိုင်မှာ ဖြစ်ပါတယ်။

Admin>>>internetjournal.media
ကိုမိုး(နည်းပညာ)
www.komoe.org

Post A Comment:
0 comments: