About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း (၂၀)


အောက်ဖော်ပြပါ စမတ်ဖုန်းများကတော့ BusinessInsider မှ ရွေးချယ်ဖော်ပြထားတဲ့ အကောင်းဆုံး ဖုန်းများဖြစ်ပါတယ်။ ယခုစာရင်းမှာ Google ရဲ့ စမတ်ဖုန်းသစ်နှစ်မျိုးနဲ့အတူ မကြာသေးမီက မိတ်ဆက်ကြေညာခဲ့တဲ့ OnePlus 3T တို့ပါဝင်လာပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေကလည်း လက်လီအရောင်းဆိုင်တွေအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။
(၂၀) BlackBerry Passport
တန်ဖိုး - ၂၈၃ ဒေါ်လာ


BlackBerry Passport ရဲ့ ဒီဇိုင်းအသွင်အပြင်ဟာ ထူးဆန်းပေမယ့် BlackBerry ပရိသတ် အတော်များများကတော့ နှစ်သက်ကြပါတယ်။ ဒီစမတ်ဖုန်းမှာ အလွန်ကောင်းတဲ့ physical ကီးဘုတ်တစ်ခု ပါဝင်ပါတယ်။ အဓိက feature ကတော့ ဖုန်းရဲ့ တစ်မူထူးခြားတဲ့ စတုရန်းပုံဒီဇိုင်းပါပဲ။
(၁၉) BlackBerry Classic
တန်ဖိုး - ၂၈၀ ဒေါ်လာ


BlackBerry Classic ကတော့ ယခင် BlackBerry မော်ဒယ်တွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစမတ်ဖုန်းမှာ ကြည်လင်ပြတ်သားတဲ့ touch-screen နဲ့ အလွန်ကောင်းတဲ့ physical ကီးဘုတ်တစ်ခု ပါဝင်ပါတယ်။
(၁၈) BlackBerry Priv
တန်ဖိုး - ၃၇၀ ဒေါ်လာ


BlackBerry Priv ကတော့ BlackBerry အတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ရပ် ဖြစ်ပါတယ်။ Priv မှာ BlackBerry ရဲ့ ကိုယ်ပိုင် operating system အစား Android ကို အသုံးပြုထားပါတယ်။ သာမန် Android ဖုန်းတစ်လုံးလို့ ထင်ရပေမယ့် Priv မှာ တွန်းထုတ်ပြီး သုံးနိုင်တဲ့ ကီးဘုတ်တစ်ခု ပါဝင်ပါတယ်။
(၁၇) Moto G4
တန်ဖိုး - ဒေါ်လာ ၂၀၀ မှ ၂၅၀


Moto G4 ကို ပုံမှန်ဗားရှင်းအတွက် ဒေါ်လာ ၂၀၀ နဲ့ G4 Plus အတွက် ဒေါ်လာ ၂၅၀ အပါအဝင် ကွဲပြားခြားနားတဲ့ မော်ဒယ်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ G4 Play ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီက ကြေညာထားခြင်း မရှိသေးပါဘူး။ G4 Plus မှာ 16-megapixel ကင်မရာပါဝင်ပြီး ပုံမှန် G4 မှာတော့ 13-megapixel ကင်မရာ ပါဝင်ပါတယ်။ ဒါပေမဲ့ လက်ဗွေဖတ်စနစ်က G4 Plus မှာသာ ပါဝင်ပါတယ်။
(၁၆) Samsung Galaxy Note 5
တန်ဖိုး - ၅၄၃ ဒေါ်လာ


Galaxy Note 5 မှာ screen အရွယ်ကြီးမားတဲ့ဖုန်းတွေထဲက အကောင်းဆုံးဖုန်းတစ်ခုဖြစ်ပါတယ်။ ယခင် Note ဗားရှင်းတွေလို အရွယ်ကြီးမားပြီး ကြည်လင်ပြတ်သားတဲ့ display နဲ့ မှတ်စုရေးသားဖို့အတွက် stylus တစ်ခုပါဝင်ပါတယ်။ သတ္တုနဲ့ ဖန်ထည်ဒီဇိုင်းသစ်ကလည်း ထူးကဲကောင်းမွန်ပါတယ်။
(၁၅) ZTE Axon 7
တန်ဖိုး - ဒေါ်လာ ၄၀၀


Axon 7 ကို တရုတ်စမတ်ဖုန်းကုမ္ပဏီ ZTE က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ ထိပ်တန်း Android စမတ်ဖုန်းတွေအတိုင်း တူညီတဲ့ spec တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် Samsung, LG နဲ့ HTC တို့လို နာမည်ကြီးအမှတ်တံဆိပ်တွေထက် ဒေါ်လာ ၂၅၀ လောက် သက်သာစေပါတယ်။
(၁၄) LG G5
တန်ဖိုး - ဒေါ်လာ ၅၆၀


LG ရဲ့ G5 စမတ်ဖုန်းကို ဆွဲဆောင်မှုရှိတဲ့ သတ္တုဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ ဖုန်းရဲ့ အောက်ခြေဘက်ကို ဖယ်ရှားနိုင်တာကြောင့် မကောင်းတော့တဲ့ ဘက်ထရီကို အသစ်နဲ့ လဲလှယ်နိုင်ပါတယ်။ ဒါ့အပြင် module တွေနဲ့လည်း လဲလှယ်တပ်ဆင်နိုင်တာကြောင့် zoom dial နဲ့ shutter ခလုတ်ပါဝင်တဲ့ ကင်မရာလက်ကိုင်တစ်ခုလိုမျိုး function သစ်တွေနဲ့ အသုံးပြုနိုင်ပါတယ်။
(၁၃) LG V20
တန်ဖိုး - ၆၁၇ ဒေါ်လာ


LG V20 ရဲ့ ထိပ်ဘက်မှာ ပါဝင်တဲ့ ဒုတိယမြောက် screen ဟာ အရမ်းကို အသုံးတည့်ပါတယ်။ အဲ့ဒီ screen မှာ သုံးစွဲသူနှစ်သက်တဲ့ app ရဲ့ shortcut တွေကို ထည့်သွင်းထားနိုင်သလို screen ကို lock လုပ်ထားတဲ့အခါမှာလည်း music control တွေကို အသုံးပြုနိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ အလွန်ကောင်းတဲ့ spec နဲ့ ကင်မရာပါဝင်ပါတယ်။ အရွယ်အစားနဲ့မလိုက်အောင် ပေါ့ပါးပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ ဘက်ထရီ၊ microSD storage တို့နဲ့ သုံးနိုင်ပါတယ်။
(၁၂) HTC 10
တန်ဖိုး - ၅၄၉ ဒေါ်လာ


HTC 10 ဟာ လှပပြီး တည်ဆောက်ပုံကောင်းမွန်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ Stock Android နီးပါး ဗားရှင်းကို အသုံးပြုထားတာကြောင့် စိတ်ပျက်ဖွယ်ရာ bloatware တွေကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။
(၁၁) Moto Z
တန်ဖိုး - ၆၂၄ ဒေါ်လာမှ ၇၂၀ ဒေါ်လာ


ပုံမှန် Z မော်ဒယ်ဟာ အပါးလွှာဆုံးဖုန်းတွေထဲက တစ်ခုဖြစ်သလို ဆွဲဆောင်မှုလည်းရှိပါတယ်။ Android စင်စစ်နီးပါး ဗားရှင်းကို အသုံးပြုထားတာကလည်း စွဲမက်ဖွယ်ရာပါ။ Moto Z ရဲ့ ကျောဘက်မှာ ကွဲပြားခြားနားတဲ့ module တွေကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ အသံအရည်အသွေးကောင်းကောင်း နားဆင်လိုသူများက စပီကာ module တစ်ခုကို တပ်ဆင်နိုင်သလို ဗီဒီယိုတွေကို အနီးအနားက နံရံမှာ ကြည့်ချင်သူများကလည်း projector module တစ်ခုကို တပ်ဆင်ပြီး ကြည့်ရှုနိုင်ပါတယ်။ Moto Z ထက် ခိုင်ခံ့တောင့်တင်းတဲ့ screen နဲ့ အရွယ်ကြီးမားတဲ့ ဘက်ထရီပါဝင်တဲ့ Moto Z Foruce ကတော့ ဒေါ်လာ ၇၂၀ ကျသင့်မှာဖြစ်ပါတယ်။
(၁၀) OnePlus 3
တန်ဖိုး - ဒေါ်လာ ၄၀၀


OnePlus 3 ကလည်း အကောင်းဆုံး Android စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အရင် OnePlus ဖုန်းတွေနဲ့မတူတာက ဒီစမတ်ဖုန်းကိုဝယ်ဖို့အတွက် ဖိတ်ခေါ်မှုတစ်ရပ် မလိုတော့ပါ။ Android စင်စစ်နီးပါး ဗားရှင်းကို သုံးထားပြီး 6GB RAM အပါအဝင် မြင့်မားတဲ့ spec များကြာင့် လျင်မြန်ချောမွေ့တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏတိုးမြှင့်လို့မရတာကြောင့် အချို့သောသူတွေက မနှစ်သက်ကြပေမယ့် 64GB storage က သုံးစွဲသူအများစုအတွက် လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ အကောင်းဆုံး စမတ်ဖုန်းကင်မရာအဖြစ် သတ်မှတ်ခံထားရတဲ့ Galaxy S7 နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကင်မရာလည်းပါဝင်ပါတယ်။
(၉) iPhone SE
တန်ဖိုး - ၃၉၉ ဒေါ်လာ


၎ လက်မ screen ပါဝင်တဲ့ iPhone SE ဟာ အရွယ်သေးငယ်တဲ့ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်။ iPhone 6S အတိုင်း တူညီတဲ့စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်သလို အကောင်းဆုံး app တွေနဲ့လည်း သုံးနိုင်ပါတယ်။ ဒါ့အပြင် Apple Pay အထောက်အပံ့ပါဝင်ပြီး Live Photos နဲ့ လက်ဗွေစနစ်ကဲ့သို့သော အဆင့်မြင့်လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
(၈) iPhone 6S
တန်ဖိုး - ၅၄၉ ဒေါ်လာ


iPhone 6S ဟာ iPhone 7 ထက် ဒေါ်လာ ၁၀၀ သက်သာပြီး အလွန်ကောင်းမွန်တဲ့ Apple အတွေ့အကြုံကို ရရှိနိုင်ပါတယ်။ လှပတဲ့ hardware အပြင် third-party developer များဆီက အကောင်းဆုံး app တွေကိုလည်း အရင်ဆုံးရရှိနိုင်ပါတယ်။ ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ software update တွေနဲ့ Apple ရဲ့ နောက်ဆုံးပေါ် feature တွေကိုလည်း ရရှိနိုင်ပါတယ်။
(၇) iPhone 6S Plus
တန်ဖိုး - ဒေါ်လာ ၆၅၀


iPhone 6S Plus မှာ iPhone 7 Plus လို ရေစိုခံနိုင်ခြင်း၊ dual-lens ကင်မရာဖြင့် အသုံးပြုနိုင်ခြင်းစတဲ့ နောက်ဆုံးပေါ် feature တွေ မပါဝင်ပါဘူး။ ဒါပေမဲ့ စွမ်းဆောင်ရည်မြင့်တဲ့ A9 ချစ်ပ်နဲ့ 3D-Touch လို feature တွေကို အသုံးပြုနိုင်ပါတယ်။ လက်ဗွေစနစ်ကလည်း အလွန်လျင်မြန်ပါတယ်။
(၆) Google Pixel XL
တန်ဖိုး - ၇၆၉ ဒေါ်လာ


Pixel ဟာ Google ရဲ့ ပထမဦးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ Pixel XL မှာ ၅.၅ လက်မ screen ပါဝင်ပြီး Pixel အတိုင်း တူညီတဲ့ spec တွေကို အသုံးပြုထားပါတယ်။ စွမ်းဆောင်ရည်မြင့်ပြီး စွမ်းအင်သုံးစွဲမှုနည်းပါးတဲ့ Snapdragon 821, 4GB RAM နဲ့ အလွန်ကောင်းတဲ့ 12.3-megapixel ကင်မရာတို့ကို အသုံးပြုထားပါတယ်။ XL က ပုံမှန် Pixel ရဲ့အနောက်မှာရပ်တည်ရတဲ့ အဓိကအကြောင်းအရင်းကတော့ screen အရွယ်အစားသာ ကွာခြားပြီး ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ဖြစ်ပါတယ်။
(၅) Google Pixel
တန်ဖိုး - ၆၄၉ ဒေါ်လာ


Pixel စမတ်ဖုန်းမှာ Android ကို သပ်ရပ်ကျော့ရှင်းတဲ့ အသွင်အပြင်နဲ့ အသုံးပြုနိုင်ပြီး Google ရဲ့ AI ထောက်ပံ့ပေးထားတဲ့ Google Pixel launcher ကို အသုံးပြုထားပါတယ်။ လက်ရှိမှာ Pixel ဖုန်းတွေမှာပဲ Pixel launcher ကို အသုံးပြုနိုင်ပါတယ်။
(၄) Samsung Galaxy S7
တန်ဖိုး - ၅၂၇ ဒေါ်လာ


Galaxy S7 မှာ iPhone 7 Plus ကိုပင် ကျော်ဖြတ်ထားတဲ့ အကောင်းဆုံး စမတ်ဖုန်းကင်မရာကို တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး ရေစိုခံခြင်း၊ microSD card slot နဲ့ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ခြင်းကဲ့သို့သော လုပ်ဆောင်ချက်ကောင်းတွေ ပါဝင်ပါတယ်။
(၃) Samsung Galaxy S7 Edge
တန်ဖိုး - ၆၁၅ ဒေါ်လာ


Galaxy S7 Edge မှာ အရွယ်ကြီးမားတဲ့ ၅.၅ လက်မ display နဲ့ Galaxy S7 ထက် အရွယ်ကြီးမားတဲ့ ဘက်ထရီပါဝင်ပါတယ်။ ဒါ့အပြင် Galaxy S7 လိုမျိုး ရေစိုခံခြင်း၊ microSD card slot နဲ့ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ခြင်းစတဲ့ feature တွေ ပါဝင်ပါတယ်။
(၂) iPhone 7
တန်ဖိုး - ဒေါ်လာ ၆၅၀


iPhone 7 ဟာ သုံးစွဲသူတွေကို အကောင်းဆုံး app တွေနဲ့ အသုံးပြုနိုင်စေပါတယ်။ ဒါ့အပြင် အသစ်ထွက်မယ့် AirPods ကြိုးမဲ့နားကြပ်လိုမျိုး အခြားသော Apple ထုတ်ကုန်တွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစိုခံနိုင်ခြင်း၊ အလင်းအားနည်းတဲ့နေရာမှာ ကင်မရာရဲ့ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာခြင်း၊ စွမ်းဆောင်ရည်ပိုမိုတဲ့ ပရိုဆက်ဆာပါဝင်ခြင်းစတဲ့ iPhone 6S ထက် အဆင့်မြှင့်တင်မှုအချို့ပါဝင်လာပါတယ်။
(၁) iPhone 7 Plus
တန်ဖိုး - ၇၆၉ ဒေါ်လာ


iPhone 7 Plus ကတော့ app များ၊ dual-lens ကင်မရာနဲ့ ရေစိုခံနိုင်ခြင်းတို့အတွက် ဝယ်ယူသင့်တဲ့ အကောင်းဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ iPhone 7 ကို ကျော်ဖြတ်ပြီး 7 Plus က နံပါတ်တစ်မှာ ရပ်တည်ရတဲ့ အဓိကအကြောင်းအရင်းကတော့ dual-lens ကင်မရာကြောင့် ဖြစ်ပါတယ်။ ဒီကင်မရာဟာ ပရော်ဖက်ရှင်နယ်ဆန်ဆန် bokeh effect နဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ပါတယ်။
BONUS: OnePlus 3T
တန်ဖိုး - ၄၄၀


OnePlus ဟာ OnePlus 3 ကို ဖြန့်ချိပြီး ငါးလအကြာမှာ OnePlus 3T ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ OnePlus 3T မှာ အဆင့်မြှင့်တင်ထားမှုတွေ အများကြီး မပါဝင်တာကတော့ OnePlus 3 ပိုင်ရှင်တွေအတွက် သတင်းကောင်းပါ။ အပြောင်းအလဲတွေကတော့ အနည်းငယ်ပိုမိုလျင်မြန်တဲ့ ပရိုဆက်ဆာ၊ အနည်းငယ်ပိုကြီးတဲ့ ဘက်ထရီနဲ့ 16-megapixel အရှေ့ဘက်ကင်မရာ ပါဝင်လာခြင်းတို့ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို နိုဝင်ဘာ ၂၂ ရက်မှာ ဒေါ်လာ ၄၄၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

Admin>>>internetjournal.media

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: