About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဈေးသက်သာသည့် အကောင်းဆုံး Laptop (၅) မျိုး

အင်တာနက် အသုံးပြုခြင်း၊ word-processing ဖိုင်များဖြင့် အလုပ်လုပ်ခြင်း၊ YouTube ဗီဒီယိုများ ကြည့်ရှုခြင်းတို့ကို ပြုလုပ်ရန်အတွက် ဈေးကြီးတဲ့ laptop တစ်လုံး မလိုအပ်ပါဘူး။ ဒေါ်လာ ၃၀၀ ဝန်းကျင်လောက် သုံးရုံနဲ့ အထက်ပါလုပ်ဆောင်ချက်တွေအတွက် လိုအပ်တဲ့ Windows 10 ကွန်ပျူတာတစ်လုံးကို ဝယ်ယူနိုင်ပါတယ်။
ဒီကွန်ပျူတာတွေမှာ ဗီဒီယိုတည်းဖြတ်တာလိုမျိုး လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အလွယ်တကူသယ်ဆောင်သွားနိုင်ပြီး အံ့အားသင့်ဖွယ်ရာ ဘက်ထရီသက်တမ်းနဲ့ အသုံးပြုနိုင်စေပါတယ်။ ဈေးသက်သာတဲ့ laptop တွေကို ရှာဖွေနေတယ်ဆိုရင် Chromebook ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ဒီကွန်ပျူတာတွေကိုလည်း ကောင်းစွာ အသုံးချနိုင်သလို များမကြာမီမှာလည်း Google Play Store app တွေနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ laptop များကတော့ ဈေးသက်သာတဲ့ အကောင်းဆုံး laptop (၅) မျိုး ဖြစ်ပါတယ်။
(၁) Asus VivoBook E200HA-US01
တန်ဖိုး - ဒေါ်လာ ၂၀၀
VivoBook E200HA ဟာ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ laptop တစ်ခုဖြစ်ပါတယ်။ အလေးချိန် ၂.၁ ပေါင်သာရှိတာကြောင့် ခရီးသွားလာရင်း သုံးစွဲလိုသူများအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Atom processor ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်အပိုင်းက အသင့်အတင့်သာရှိပေမယ့် ဘက်ထရီနဲ့ ၁၅ နာရီကြာ သုံးစွဲနိုင်ပါတယ်။ သိုလှောင်မှုပမာဏက 32GB ပါ။ ဒါကြောင့် သုံးစွဲသူအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အခြား အရွယ်ကြီးမားတဲ့ဖိုင်တွေကို သိမ်းဆည်းဖို့အတွက် ဈေးသက်သာတဲ့ flash drive ကို ဝယ်သုံးတာမျိုး ဒါမှမဟုတ် Dropbox, Microsoft OneDrive, Google Drive စတဲ့ cloud ဝန်ဆောင်မှုတွေ သုံးတာမျိုး ပြုလုပ်ရပါလိမ့်မယ်။
(၂) HP Stream 11-yo10nr
တန်ဖိုး - ဒေါ်လာ ၂၀၀ ဝန်းကျင်
ဒီနောက်ဆုံးပေါ် HP Stream 11 ဟာ ယခင်မော်ဒယ်နဲ့ နာမည်ချင်းဆင်တူပေမယ့် ၎င်းမှာ 4GB RAM ပါဝင်ပြီး ဘက်ထရီနဲ့ ၁၂ နာရီကြာ အသုံးပြုနိုင်ပါတယ်။ Processor ကလည်း လျင်မြန်ပါတယ်။
(၃) Lenovo ThinkPad N22
တန်ဖိုး - ဒေါ်လာ ၁၇၀
Lenovo ThinkPad N22 ဟာ Consumer Reports ရဲ့ စာရင်းထဲမှာ ဈေးအသက်သာဆုံး အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်က ၎င်းထက်ဈေးနှစ်ဆပိုများတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ပါတယ်။
(၄) Dell Inspiron I3452-600BLK
တန်ဖိုး - ဒေါ်လာ ၂၀၀ ဝန်းကျင်
Dell Inspiron I3452-600BLK မှာ ၁၄ လက်မ screen ပါဝင်ပြီး ဘက်ထရီနဲ့ ၁၂ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အလေးချိန်က ၃.၅ ပေါင်ရှိပြီး အရွယ်အစားတူ အခြားမော်ဒယ်တွေထက် အလေးချိန်ပိုများပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။
CD နဲ့ DVD တွေ ကူးယူဖို့အတွက် optical drive မပါဝင်ပေမယ့် ဒီဂျစ်တယ်ဓာတ်ပုံများအတွက် built-in memory card reader တစ်ခုပါဝင်ပါတယ်။ USB port သုံးခုပါဝင်ပြီး HDTV နဲ့ ချိတ်ဆက်ဖို့အတွက် HDMI-out တစ်ခုပါဝင်ပါတယ်။
(၅) Lenovo 300-17ISK 80QHOO8MUS
တန်ဖိုး - ဒေါ်လာ ၃၀၀ ဝန်းကျင်
Lenovo 300 ဟာ အင်တာနက်ကနေ ဗီဒီယိုကြည့်ရှုဖို့အတွက် laptop တစ်လုံး ရှာဖွေသူများကို စိတ်ကျေနပ်မှုပေးနိုင်ပါလိမ့်မယ်။ ၎င်းမှာ ကောင်းမွန်တဲ့ ၁၇ လက်မ screen ပါဝင်ပြီး built-in စပီကာများရဲ့ အရည်အသွေးက မဆိုးလှပေမယ့် အကောင်းဆုံးအသံအရည်အသွေးကို ခံစားလိုသူများအနေနဲ့ စပီကာများထပ်ထည့်ခြင်း ဒါမှမဟုတ် နားကြပ်အသုံးပြုခြင်းတို့ကို ပြုလုပ်ရပါမယ်။
အခြား ဈေးသက်သာတဲ့ မော်ဒယ်တွေနဲ့ မတူတာက full-sized ကီးဘုတ်ပါဝင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် gigabit ethernet port တစ်ခုလည်း ပါဝင်ပါတယ်။
Admin>>>internetjournal.media 

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: