About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

iPhone အတွက် Yahoo Answers App ထွက်ရှိ

image
Yahoo ရဲ့ အမေး/အဖြေတွေကို iPhone မှာရနိုင်ဖို့အတွက် iOS app အသစ်တစ်ခုဖြစ်တဲ့ Yahoo Answers Now ထွက်ရှိလာပါပြီ။
Yahoo Answers Now ကတော့ Web ပေါ်မှာရှာလို့မရနိုင်တဲ့မေးခွန်းတွေအတွက် အဖြေတွေပေးနိုင်မယ့် app အသစ်တစ်မျိုးပဲဖြစ်ပါတယ်။ Sign in လုပ်ဖို့ invite code တစ်ခုတော့ လိုအပ်ပါတယ်။ invite code ရဖို့ yan-invite@yahoo-inc.com ကို အီးမေးလ်ပေးပို့ရမှာပါ။
အရင်က Yahoo Hive ဆိုတဲ့နာမည်နဲ့ ဒီ App ကိုစမ်းသပ်ခဲ့ဖူးပါတယ်။အခုတော့ Yahoo Answers Site အတွက် ပြီးပြည့်စုံတဲ့ app တစ်ခုဖြစ်သွားပါပြီ။
ဒီ Version မှာ ဘယ်လိုမျိုးအသစ်တွေပါဝင်လာမလဲ?
-မေးခွန်းနဲ့အဖြေတွေကို ရှာနိုင်ပါတယ်။
-အဖြေတွေကို ရှာဖို့ Web နဲ့ချိတ်ဆက်နိုင်ပါတယ်။
-ကိုယ့်ရဲ့မေးခွန်းနဲ့အဖြေတွေကို အစက်သုံးစက် menu( triple-dot menu) ကို နှိပ်ပြီးပြန်ပြင်နိုင်ပါတယ်။
-“Me” tab မှာပါတဲ့ ခဲတံပုံလေးကို နှိပ်ပြီး ကိုယ့်ရဲ့ username နဲ့ profile ကိုပြင်လို့ရပါတယ်။
-အဖြေထဲမှာပါဝင်တဲ့ hyperlink တွေကိုနှိပ်ပြီး ဖွင့်ကြည့်နိုင်ပါတယ်။

အခုပဲ Yahoo Answers Now ကို App Store ကနေအခမဲ့ ဒေါင်းလုပ်ဆွဲပြီး ရယူနိုင်ပါပြီ။
imageimage
image


ကိုမိုး(နည်းပညာ)
www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: