About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

“ကိုယ်အိမ်မှာမရှိတဲ့အချိန် ကိုယ့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေ ဘာလုပ်သလဲ”လို့ Siri ကို မေးကြည့်ပါ

“ကိုယ်အိမ်မှာမရှိတဲ့အချိန် ကိုယ့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေ ဘာလုပ်သလဲ”လို့ Siri ကို မေးကြည့်ပါ
Apple ရဲ့ Siri digital assistant ဟာ ကျွန်တော်တို့ရဲ့ iPhones ၊ iPads ၊ Apple Watch နဲ့ Apple TV တွေမှာ နေရာယူနေပါပြီ။ ကျွန်တော်တို့ရဲ့ Mac ပေါ်မှာတောင်မှ macOS Sierra 10.12 ကို သုံးနေကြပါပြီ။ Siri ဟာ Hollywood ကို movie intelligence နဲ့အတူ ဟောလိဝုဒ်ကို ခြေလှမ်းနေတဲ့ပုံ ပေါ်ပါတယ်။
Universal Pictures နဲ့ တရားဝင်မိတ်ဖက်ပြုလုပ်လိုက်တဲ့အတွက် Apple ဟာ Siri ကို ပညာပေးသင်ခန်းစာလေး ထည့်သွင်းဖို့ ပြုလုပ်လိုက်ပါတယ်။ The Secret Life of Pets’ ဇာတ်ကားနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေရဲ့ အဖြေကို ပေးနိုင်တဲ့ digital assistant တစ်ခုအနေနဲ့ ပြုလုပ်လိုက်တာဖြစ်ပါတယ်။
Apple ရဲ့ iTunes Store မှာ The Secret Life of Pets ကို တရားဝင်ထွက်ရှိမှုနဲ့ ဆက်စပ်ပြီးတော့ Cupertino-based ကုမ္ပဏီနဲ့ Universal Pictures တို့အတူပူးပေါင်းပြီး “what do my Pets do when I’m not home?” ဆိုတဲ့မေးခွန်းရဲ့အဖြေကို Siri မှာ ပေးနိုင်ဖို့အတွက် ကြိုးစားခဲ့ကြပါတယ်။
ဒီဇာတ်ကားလေးကို ရုပ်ရှင်ရုံမှာသွားပြီး ကြည့်ဖူးတဲ့လူတိုင်းဟာ အဲဒီမေးခွန်းဟာ ဇာတ်ကားရဲ့အယူအဆပေါ်မှာသာ မူတည်နေတည်ဆိုတာ တန်းသိကြပါတယ်။ တကယ်လို့ သင်အိမ်မှာမရှိတဲ့အချိန်မှာ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေ ဘာလုပ်နေလဲဆိုတာသိချင်ရင် Siri က သင့်ကို မတူညီတဲ့ ဥပမာ ၁၅ခုနဲ့ ပြသပေးနိုင်ပါတယ်။
Siri ရဲ့ အတွေ့အကြုံနဲ့စပ်စုတဲ့ တိရိစ္ဆာန်ပိုင်ရှင်တွေကို စုစည်းနိုင်မှာဖြစ်တဲ့အတွက် ကုမ္ပဏီဟာ ကြော်ငြာဗွီဒီယိုအသေးလေးတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့်လည်း ကုမ္ပဏီဟာ သီချင်းတွေ နဲ့ အကတွေကို အတော်များများလေး လုပ်ပေးထားတာလည်း ဖြစ်ပါတယ်။ ပြီးတော့ official iTunes Facebook page မှာတင်ပါတယ်။


အဲဒီ အကောင့်ဟာ Apple ရဲ့ အခြားလူမှုကွန်ရက်တွေရဲ့အကောင့်နဲ့ ယှဉ်မယ်ဆိုရင်တော့ follower နည်းနေပါသေးတယ်။ ဒါကြောင့် ကြည့်ရှုသူ အနည်းငယ်သာရှိပါတယ်။ အဲဒီက ဗွီဒီယိုလေးတွေဟာ ဇာတ်ကားက ယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် iPhone ၊ iPad စတဲ့ Apple ထုတ်ကုန်တွေကို အဲဒီဇာတ်ကောင်လေးတွေက အသုံးပြုနေတဲ့ပုံလေးတွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။


Universal Pictures ရဲ့အဆိုအရ ဒါဟာ Apple နဲ့ သူ့ရဲ့ ဖျော်ဖြေရေး ကဏ္ဍနဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ iTunesမှာ ထွက်ရှိပြီးသားဇာတ်ကားကို Siri မှာ အမေးအဖြေပြုလုပ်နိုင်တာလည်း ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။ iTunes ရဲ့ official Facebook page မှာ သင်ကိုယ်တိုင်ပဲ အဲဒီ ဗွီဒီယိုလေးကို ဒီမှာ ကြည့်လိုက်ပါ။
Aung Phyo Oo (Myanmar Mobile App)



www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: