အမေရိကန်သမ္မတ Donald J. Trump ရဲ့စကားအတိုင်းဆိုရင် အမေရိကန်အစိုးရအဖွဲ့က နိုင်ငံပြင်ပမှာ ရှိနေတဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို နိုင်ငံတွင်းမှာပဲ လုပ်ဆောင်နိုင်ဖို့စည်းရုံးမယ်ဆိုရင် “အခွန်အများကြီးလျှော့ချဖို့” ကိုစဉ်းစားမယ်လို့ထင်ပါတယ်။
ဒီလိုအခွန်လျှော့ချလိုက်ရင်တောင်မှ Apple ရဲ့ iPhones နဲ့ iPad တွေကို အမေရိကန်နိုင်ငံမှာထုတ်လုပ်ဖို့ အလားအလာရှိပါ့မလားဆိုတာ သေချာမသိနိုင်သေးပါဘူး။ ဒါပေမယ့် တကယ်လို့သာ Tim Cook က အမေရိကန်သမ္မတရဲ့စကားအတိုင်းလုပ်ဆောင်ခဲ့ရင် iPhone တစ်လုံးကို အာရှအပြင်ဘက်မှာထုတ်လုပ်ခဲ့ရင် ဘယ်လောက်တောင် ကုန်ကျနိုင်လဲ? ပြီးတော့ ဝယ်သူတွေအတွက် iPhone ဈေးနှုန်းကဘယ်လောက်ဖြစ်လာနိုင်လဲ?
အာရှမှာရှိတဲ့ ထုတ်လုပ်မှုကုမ္ပဏီတွေကို အမေရိကန်နိုင်ငံကို ပြောင်းရွှေ့လာဖို့ဆိုတာ Donald Trump ရဲ့ သမ္မတသက်တမ်းတစ်လျှောက်မှာ တော်တော်များတဲ့အခြေအနေတွေကို လုပ်ဆောင်ရတော့မှာပဲ ဖြစ်ပါတယ်။
Republican ပါတီကနေ ရွေးကောက်ပွဲပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး အခုတော့သမ္မတဖြစ်လာသူ Trump ဟာ ၂၀၁၇ ဇန်နဝါရီလ ၂၀ ရက်နေ့ ဗာဂျီးနီးယား Liberty တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့စဉ်က Apple ကုမ္ပဏီကိုညွှန်းဆိုပြီး ကုမ္ပဏီရဲ့ ကွန်ပျူတာတွေနဲ့ အခြားသောပစ္စည်းတွေကို တခြားနိုင်ငံမှာမဟုတ်ဘဲ နိုင်ငံအတွင်းမှာပဲ ထုတ်လုပ်စေမယ်လို့ ပြောခဲ့ပါတယ်။ အာရှမှာ Apple ရဲ့ ပူးတွဲထုတ်လုပ်သူဖြစ်တဲ့ Foxconn က ပစ္စည်းတွေကို အမေရိကန်နိုင်ငံမှာထုတ်လုပ်လျှင် ကုန်ကျမယ့် ကုန်ကျစရိတ်ကို တွက်ချက်ပြီးလောက်ပြီဆိုတာကိုလည်း Trump ကသိထားပြီးဖြစ်ပါတယ်။
Foxconn ရဲ့ ပထမဦးဆုံးစမ်းသပ်မှုနဲ့ ဈေးကွက်နေရာတွက်ချက်တဲ့အခါ ဖုန်းမှာပါဝင်တဲ့အစိတ်အပိုင်းအကုန်လုံးကို အမေရိကန်နိုင်ငံမှာထုတ်လုပ်ပြီး တည်ဆောက်မယ်ဆိုရင် iPhone တစ်လုံးရဲ့ဈေးနှုန်းက “နှစ်ဆ” ထက်ပိုသွားမှာဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ လက်ရှိ iPhone တစ်လုံးကို တပ်ဆင်ဖို့ခန်းမှန်းကုန်ကျစရိတ်ကတော့ ဒေါ်လာ ၂၂၀ ဖြစ်ပါတယ်။
ပစ္စည်းအစိတ်အပိုင်းတွေကို US မှာထုတ်လုပ်ပြီးတပ်ဆင်မယ်ဆိုရင် iPhone တစ်လုံးကိုပြုလုပ်ဖို့ ဒေါ်လာ ၆၀၀ လောက်ကို ကုန်ကျမယ်လို့ခန့်မှန်းရပါတယ်။ Apple နေရာကကြည့်ရင်တော့ iPhone တစ်လုံးကို ဒေါ်လာ ၂၀၀၀ လောက်နဲ့ရောင်းချမှဖြစ်နိုင်မှာပါ။
ဆန်းစစ်မှုတစ်ခုကတော့ American Made iPhone အတွက် ဈေးနှုန်းသတ်မှတ်တဲ့နည်းလမ်းသစ်တစ်ခုကို MIT Technology Review မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ပါဝင်တဲ့အစိတ်အပိုင်းတွေကို ကမ္ဘာအနှံ့အပြားကနေယူမယ်ဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်က ၅% တက်သွားနိုင်ပါတယ်။ ဒါဆိုရင် ပစ္စည်းရဲ့ဈေးနှုန်းက ဒေါ်လာ၃၀ / ဒေါ်လာ၄၀ လောက်ထပ်တိုးသွားမှာဖြစ်လို့ ဝယ်ယူသူတွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေတက်သွားတာကို ရင်ဆိုင်ရတော့မှာပါ။
IHS Markit Technology ရဲ့ အဓိကဆန်းစစ်သူတစ်ယောက်ဖြစ်တဲ့ Dan Panzica က iPhone တွေကို တရုတ်နိုင်ငံမှာထုတ်မယ်ဆိုရင် ခန့်မှန်းလုပ်သားက ၁သိန်းခွဲဝန်းကျင်လောက်ရှိမယ်လို့ဖော်ပြခဲ့ပါတယ်။ တကယ်လို့ GE, GM နဲ့ Ford ကလူတွေအကုန်လုံးကို စုလိုက်ရင်တောင် Foxconn စက်ရုံ၎ခုမှာရှိတဲ့လုပ်သားတွေထက် ၂၀%တောင်နည်းနေပါသေးတယ်။ လူ၆သောင်းကျော်လောက်ရှိတဲ့စက်ရုံတစ်ခုကို ဘယ်မြို့ကများထောက်ပံ့ပေးနိုင်မှာလဲ? လို့ Panzica ကဆိုခဲ့ပါတယ်။ ထုတ်လုပ်ရမယ့် လျှပ်စစ်ပစ္စည်းတွေကိုလက်ရှိအခြေအနေ လက်ရှိထုတ်လုပ်နေတဲ့ အရေအတွက်နဲ့တော့ ဘယ်တော့မှစထုတ်ကြမှာမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းစမှပဲရမှာပါ။
သမ္မတကတော့ အခွန်လျှော့ချတာနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်ပေးမလဲဆိုတာကိုတော့ စောင့်ကြည့်နေကြပါတယ်။ ဒါပေမယ့် အမေရိကန်မှာထုတ်လုပ်လို့ ကုန်ကျစရိတ်တွေတက်သွားပြီး ဒီလိုထုတ်လုပ်မှုမျိုးအတွက် မရပ်တည်နိုင်ဘူးဆိုရင် အမေရိကန်မှာ iPhone တွေထုတ်လုပ်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးလို့ ထင်ရပါတယ်
Admin>>>myanmarmobileapp
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: