AirSelfie သည် လေထဲတွင် ဓာတ်ပုံများကို ရိုက်ကူးပေးနိုင်ကာ အိတ်ကပ်အတွင်း ထည့်သွင်းနိုင်ပြီး စမတ်ဖုန်းဖြင့် ချိတ်ဆက်၍ ပျံသန်းနိုင်သော ကင်မရာ တစ်မျိုးဖြစ်သည်။
၎င်းတွင် အားကောင်းသော ပန်ကာဒလက်များ ပါဝင်ပြီး မီတာ၂၀ ကျော်အမြင့်မှ zoom ပြုလုပ်ကာ ဓာတ်ပုံများလည်း ရိုက်ကူးပေးနိုင်သည်။ အဆိုပါ AirSelfie ၏အမည်မှာ Millennial Falcon ဖြစ်သည်။ အဆိုပါထုတ်ကုန်တွင် 5 megapixel ဗီဒီယိုကင်မရာပါဝင်ပြီး အရွယ်မှာ စမတ်ဖုန်းထက် သေးငယ်သည်။ လေထဲသို့ ဒေါင်လိုက်အနေအထားဖြင့် ၆၆ ပေအထိ ပျံတက်နိုင်သည်။
သုံးစွဲသူအနေဖြင့် iPhone သို့မဟုတ် Android ထုတ်ကုန်ဖြင့် ထိန်းချုပ်၍ ဓာတ်ပုံများကို နှစ်သက်သလို ရိုက်ကူးနိုင်သည်။ Millennial Falcon ကို ပေါင် ၁၅၀ ဖြင့် Kickstarter စာမျက်နှာတွင် စတင်ရောင်းချပေးလျက်ရှိသည်။
Ref: TheSun
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: