မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်ကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့၌ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပွဲစဉ်ကို မိမိတို့ မိုဘိုင်းဖုန်းများမှာ တစ်ဆင့် အခမဲ့ကြည့်ရှုနိုင်ရန် တယ်လီနောက ၀န်ဆောင်မှု ပေးအပ်လိုက်ပါသည်။
တယ်လီနောသုံးစွဲသူများအနေဖြင့် ယင်းပွဲစဉ်ကို ဒီဇင်ဘာ ၄ ရက်နေ့ တွင် Pyone Play မှတစ်ဆင့် ကြည့်ရှု နိုင်မည် ဖြစ်ပြီး အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဒေတာ ၃၀၀ MBကို ပေးအပ်သွားမည် ဖြစ်ပါသည်။
ယခု အခမဲ့ ၀န်ဆောင်မှုကို My Telenor app ကို အသုံးပြု၍သာ ရယူနိုင်မည် ဖြစ်ပြီး app မရှိသေးပါက www.telenor.com.mm/mytelenor.apk တွင် ဒေါင်းလုဒ် ပြုလုပ်ရယူနိုင်သလို *4023# ကို ဖုန်းခေါ်ဆို၍ ဒေါင်းလုဒ်လင့်ခ်ကို sms ရယူနိုင်ပါသည်။
My Telenor app ကို ၀င်ရောက်ပြီးနောက် ဒေတာ ၃၀၀ MB အခမဲ့ အစီအစဉ်ကို ရယူနိုင်ပါသည်။ ယင်း အစီအစဉ်ကို My Telenor app ၏ အခမဲ့ ပရိုမိုးရှင်း စာမျက်နှာ တွင် ရှာဖွေ၍လည်း စာရင်းပေးသွင်းနိုင်ပါသည်။
သတိပြုရန်မှာ ယခုအစီအစဉ်မှာ ဒီဇင်ဘာ ၄ ရက်တစ်ရက် တည်း သာ အခမဲ့ ခံစားခွင့်ရှိမည့် ဒေတာ ၃၀၀MB ကိုသာ ပေးအပ်မည် ဖြစ်ပြီး ယင်းဒေတာကို မြန်မာ – ထိုင်း ဘောလုံး ပွဲစဉ်အတွက် သာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
PyonePlay app မရရှိသေးပါက www.pyoneplay.com/android တွင် ဒေါင်းလုဒ် ရယူနိုင်ပါသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် စတင်မည့် ဘောလုံးပွဲစဉ်ကို PyonePlay app မှဖြစ်စေhttp://www.pyoneplay.com/live/mrtv4 မှ ဖြစ်စေ အခမဲ့ တိုက်ရိုက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
တယ်လီနောသည် နိုဝင်ဘာလအတွင်းက ယှဉ်ပြိုင်ခဲ့သော မြန်မာ နှင့် မလေးရှား ဘောလုံးပွဲစဉ်ကိုလည်း PyonePlay မှတစ်ဆင့် အခမဲ့ ကြည့်ရှုနိုင်ရန် ၀န်ဆောင်မှု ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
admin@digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: