PlayStation 2 ကစလို့ လူငယ်တွေကြားမှာ လူကြိုက်များခဲ့တဲ့ Rockstar ရဲ့ Bully ဂိမ်းဟာ (၁၀) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့အတွက် အထိမ်းအမှတ်အနေနဲ့ Bully 10thAnniversary Edition ကို Android နဲ့ iOS အတွက် ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Anniversary Edition ဆိုတဲ့အတိုင်း ထူးခြားမှုတွေအဖြစ် multiplayer challenges ပြုလုပ်နိုင်မှာဖြစ်ပြီး Mini game လေးတွေကို သူငယ်ချင်းတွေနဲ့ စိန်ခေါ်ကာ ယှဉ်ပြိုင် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။
ဇာတ်လမ်း ဇာတ်အိမ်တွေနဲ့ ခိုင်ခိုင်ခန့်ခန့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဂိမ်းဖြစ်တာနဲ့ အညီ file size ကလည်း တော်တော်ကြီးပါတယ်။ iOS အတွက် 2.4GB ဖြစ်ပြီး Android အတွက်ကတော့ စစချင်း Donwload လုပ်ရမယ့် File Size က 70MB သာရှိပေမယ့် 1970MB ရှိတဲ့ Cache ကို ထပ်မံ Download ရယူရဦးမှာဖြစ်ပါတယ်။
တစ်ခုရှိတာက အ
ခမဲ့ ထွက်ရှိလာတာမဟုတ်ဘဲ Android User တွေ ရော iOS User တွေပါ Play Store နဲ့ App Store ကနေ (၆.၉၉) ဒေါ်လာ နဲ့ ဝယ်ယူ ဆော့ကစားရမှာဖြစ်ပါတယ်။
admin @ digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: