About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ကားများကို လွယ်ကူစွာ ခိုးပေးမယ့် ကိရိယာလာတော့မယ်

ကားများကို လွယ်ကူစွာ ခိုးပေးမယ့် ထူးဆန်းတဲ့ ကိရိယာလေးတစ်ခုရဲ့ သတင်း ပေါ်လာပြန်ပါပြီ။ ဒီကိရိယာအသစ်က စက်တောင် နှိုးပေးနိုင်ပါတယ်။
National Insurance Crime Bureau (NICB) ဟာ အကျိုးအမြတ် မယူတဲ့ အာမခံ အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ ဘလော့မှာ ဗုဒ္ဓဟူးနေ့က အဲဒီ ထူးဆန်းတဲ့ ကိရိယာနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို တင်ထားပါတယ်။
အဲဒီ ကိရိယာဟာ ၂၀၁၃ ခုနှစ်မှာ ရဲများနဲ့ လုံခြုံရေး ကျွမ်းကျင်သူများကို ခေါင်းစားစေခဲ့တဲ့ ကိရိယာနဲ့ တစ်ထပ်ထဲတူနေပါတယ်။ ကားခိုးမှုများ မကြာခင်က ဖြစ်ခဲ့ကြတဲ့အတွက် NICB က စုံစမ်းမှုကို ပြန်လည် ပြုလုပ်ခဲ့တာပါ။
ဒီတစ်ကြိမ်မှာတော့ NICB က ကိရိယာတစ်ခုကို လက်တွေ့စမ်းသပ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ပို့စ်မှာ နိုင်ငံခြား ကုမ္ပဏီတစ်ခုရဲ့ လုံခြုံရေး ကျွမ်းကျင်သူတစ်ဦးထံမှ Relay Attack လို့ ခေါ်တဲ့ ကိရိယာတစ်ခုကို ၀ယ်ယူခဲ့တယ်လို့ ရေးထားပါတယ်။ ကိရိယာဟာ Remot နဲ့ ဖွင့်ရတဲ့ ကားများနဲ့ Prius လို Push-Button Ignition ပါတဲ့ ကားများအတွက်ပါ သုံးလို့ရပါတယ်။
NICB က ကားသစ်၊ ကားဟောင်း၊ SUVx ၊ Minivan နဲ့ Pickup Trucks တို့ အပါအ၀င် ကားအမျိုးအစားများစွာဖြင့် စမ်းသပ်ခဲ့ကြပါတယ်။ ၃၅ စီး စမ်းသပ်တဲ့အခါမှာ ၁၉ စီးရဲ့ ကားတံခါးကို ဖွင့်လို့ရပြီး ၁၈ စီးကို မောင်းပြေးနိုင်ခဲ့ပါတယ်။ မောင်းပြေးတဲ့ ၁၈ စီးကို စက်သတ်ပြီး ကိရိယာနဲ့ ပြန်နှိုးကြည့်တဲ့အခါမှာ ၁၂ စီးကို စက်နှိုးလို့ ရခဲ့ပါတယ်။
ကားပိုင်ရှင်တွေအတွက် ဒီသတင်းဟာ စိတ်ပျက်စရာပါ။ NICB ရဲ့ ဥက္ကဌနဲ့ စီအီးအို Joe Wehrle က “ ယာဉ်ပိုင်ရှင်ဟာ ဘယ်လို ပျောက်သွားလဲ ဆိုတာတောင် စဉ်းစားလို့ ရမှာ မဟုတ်ပါဘူး။ လုံခြုံရေး ကင်မရာကနေ ရိုက်ကူး မထားနိုင်ရင် ပိုင်ရှင်နဲ့ ရဲတွေ ခေါင်းစားမှာပါ။ “ လို့ ပြောပါတယ်။
Relay Attack ကိရိယာဟာ ကားခိုးလို့ ရတဲ့ နည်းပညာတွေထဲက တစ်ခုလို့ ထင်ရပါတယ်။ လက်ရှိမှာ ဒီကိစ္စကို တားဆီးနိုင်၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်း မရှိသေးပါဘူး။ အဲဒီအတွက် သင်တို့ရဲ့ ကားများကို သေချာဂရုစိုက်သင့်ပါတယ်။ ဒါပေမယ့် ကားနည်းပညာ မြင့်မားနေတဲ့အတွက် ကားခိုးလို့ ရတဲ့ နည်းပညာများကို ခြေရာခံဖို့ လွယ်ကူပါတယ်။ ကားပိုင်ရှင်များအတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်။
admin @ digitaltime
ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: