About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Android Phone မှာ ၃၆၀ ဒီဂရီ ဗီဒီယိုတွေ ရိုက်ပေးမယ့် Insta360 Air

Insta360 ကုမ္ပဏီက Android Phones များမှာ ၃၆၀ ဒီဂရီ ဗီဒီယိုတွေ ရိုက်ပေးနိုင်တဲ့ Insta360 Air ကို မိတ်ဆက်လိုက်ပါတယ်။ Insta360 Air ဟာ Android Phones မှာ တပ်ဆင် အသုံးပြုရတဲ့ ၃၆၀ ဒီဂရီ ကင်မရာပါ။ ကုမ္ပဏီက အရင်က iPhone များအတွက် ၃၆၀ ဒီဂရီ ကင်မရာကိုသာ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
.
Arashi Vision နဲ့ Ricoh တို့လို ကုမ္ပဏီများဟာ Virtual Reality နည်းပညာ အောင်မြင်လာတဲ့အတွက် ၃၆၀ ဒီဂရီ ကင်မရာများကို အပြိုင်အဆိုင် ဖန်တီးနေကြပါတယ်။ Facebook ကလည်း Newsfeed မှာ ၃၆၀ ဒီဂရီ ဓါတ်ပုံနဲ့ ဗီဒီယိုများကို ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။
.
iPhone 6 နဲ့ 6s အတွက် ထုတ်လုပ်ပေးထားတဲ့ Insta360 Nano မှာလိုပဲ Insta360 Air မှာ Full HD Camera တပ်ဆင်ထားပါတယ်။ သူ့မှာ ကိုယ်ပိုင် ဘက်ထရီ မပါဘဲ ဖုန်းမှ ဘက်ထရီကို အသုံးပြုမှာပါ။ အဲဒီအတွက် ဖုန်းနဲ့ ချိတ်ဆက် မထားရင် ကင်မရာကို သုံးလို့ မရပါဘူး။
.
ကင်မရာကို micro USB အားသွင်းပေါက်ကနေ စမတ်ဖုန်းနဲ့ ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ Insta360 Nano မှာတော့ ကိုယ်ပိုင် ဘက်ထရီ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ Insta360 Air ကို ဈေးသက်သာစေချင်လို့ အဲဒီလို ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။ Nexus 6P လို USB Type C Port ပါတဲ့ ဖုန်းများအတွက်လည်း မော်ဒယ်တစ်ခုကို ထုတ်လုပ်ပေးမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
.
Insta360 Air နဲ့ တွဲဖက် သုံးရမယ့် Android App ကို လာမယ့်နှစ်မှာ ဖြန့်ချီပေးမှာပါ။ ကင်မရာကို ထုတ်လုပ်ရောင်းချဖို့ ကုမ္ပဏီက Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ရန်ပုံငွေ ၉၉ ဒေါ်လာ ( ၁၃၀ ၀၀၀ ကျပ် ၀န်းကျင်) ထည့်ဝင်ထားရင် ရောင်းချမယ့် အချိန်မှာ ကင်မရာ တစ်ခု ရရှိမှာပါ။ ကင်မရာကို လာမယ့်နှစ်မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Admin @ digitaltime


ကိမိုး(နည်းပညာ)


www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: