Samsung ကတော့ Galaxy Note 7 ဖုန်းတွေ ဘာ့ကြောင့် ပေါက်ကွဲရတယ်ဆိုတာကို ပြန်လည်သုံးသပ်ခဲ့ပြီးတဲ့နောက်မှာ ဘယ်သူ့ကိုမှ ထုတ်မပြောတဲ့ အဖြေတစ်ရပ်ကို ရှာတွေ့ထားတယ်လို့ သိရပါတယ်။
ဘက်ထရီပေါက်ကွဲမှုတွေကြောင့် ရောင်းချပြီး Galaxy Note 7 အလုံးရေအားလုံးနီးပါးကို ပြန်လည်သိမ်းယူခဲ့တဲ့ Samsung ကတော့ ဘက်ထရီအတွက်နေရာလွတ်သိပ်မပေးနိုင်တာကြောင့် အခုလို ပြဿနာကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
Samsung Galaxy Note 7 ဖုန်းဟာ ပါးလှပ်တဲ့ဖုန်းတစ်လုံးဖြစ်တာနဲ့အညီပဲ ပါးလှပ်တဲ့ ဖုန်းဘက်ထရီတွေကိုလည်း ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ပါးလှပ်တဲ့ဖုန်းဘက်ထရီတွင်းမှာတော့ positive layer တွေနဲ့ negative layer တွေကို မထိခိုက်မိအောင် ကာကွယ်ပေးထားတဲ့ separator အလွှာဟာ နေရာလွတ်သိပ်မရှိဖြစ်ခဲ့ပါတယ်။ အခုလို သိုသိပ်တဲ့နေရာအနေအထားကြောင့် separator အလွှာဟာ layer တွေအချင်းချင်း ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြန်လည် စစ်ဆေးချက်တွေအရသိရပါတယ်။
Samsung ဟာ ဘက်ထရီကို အပါးလှပ်ဆုံးဖြစ်အောင် ပြုလုပ်တဲ့အချိန်မှာ ထူထဲတဲ့ ဘက်ထရီ margin တွေကိုလည်း လျှော့ချပစ်ခဲ့ပါသေးတယ်။ ဖုန်းဘက်ထရီဟာ အားသွင်းနေတဲ့အချိန်မှာ နေရာ ၁၀ ရာနှုန်းလောက်ထိ ပိုမိုရယူလေ့ရှိပြီး Note 7 ဖုန်းရဲ့ ဘက်ထရီကတော့ ၅.၂ မီလီမီတာ အနက်ရှိတဲ့ ဘက်ထရီအံခွက်အတွင်းမှာပဲ ကွက်တိအနေအထားဖြစ်လို့နေခဲ့တာပါ။ ဒါ့ကြောင့် ဘက်ထရီဟာ နေရာလွတ်မရှိဖြစ်သွားပြီး အားသွင်းတဲ့အခါ တိုးလာတဲ့ pressure ကို မခံနိုင်ဖြစ်လာတာကြောင့် ပေါက်ကွဲမှုတွေ ဖြစ်လာတယ်လို့ စစ်ဆေးချက်အဖြေတွေအရ သိရပါတယ်။
ဒါ့ကြောင့် Note 7 ဖုန်းရဲ့ ပါးလှပ်လွန်းတဲ့ ဒီဇိုင်းဟာ Samsung အတွက် အန္တရာယ်များသွားစေခဲ့ပြီး နည်းပညာပိုင်း ချွတ်ယွင်းချက်တွေကို ဖြစ်ပေါ်စေခဲ့တာပါ။
Admin @ digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: