About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Android ဖုန်းရဲ့ Volume Level ကို Schedule ချပြီး အပြောင်းအလဲလုပ်မယ်(Apk Download)

Android ဖုန်းတွေမှာ contact အလိုက် ringtone တွေ ပြောင်းလဲသတ်မှတ်လို့ရသလိုပါပဲ။ အချိန်အလိုက် schedule ပေးထားပြီး ringtone volume ကို အတိုးအချဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကတကယ်ကို အသုံးဝင် တဲ့ အကြောင်းအရာတစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ အလုပ်ထဲ၊ စာသင်ခန်းထဲရောက်နေတဲ့အခါမျိုးမှာ ဖုန်း ringtone သံကို silent (ဒါမှမဟုတ်) တိုးထား တတ်ပါတယ်။ အလုပ်ချိန်၊ စာသင်ချိန်ပြီးသွားလို့ ပြန်ကျယ်ရမှာ မေ့နေတဲ့ အခါမျိုးမှာ အပြင်ဘက်က ဆူညံသံတွေကြောင့် ဖုန်းလာတာကို မသိလိုက်တဲ့ အဖြစ်မျိုးတွေ မကြာခဏ ကြုံဖူးကြရပါတယ်။ ဒီတော့ အလုပ်ဆင်းချိန်နဲ့ အတန်းပြီးချိန်တွေမှာ ringtone ကို သူ့အလိုလို ပြန်လည် ကျယ်လာစေဖို့အတွက် အချိန်နဲ့ schedule ချထားလိုက်မယ်ဆိုရင် မေ့တတ်တဲ့ သူတစ်ယောက် အတွက်ဆိုရင်တောင် အတော်လေးအဆင်ပြေသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြုလုပ်ပုံ၊ ပုံလုပ်နည်း အသေး စိတ်ကို ဖော်ပြပေးလိုက်ပါတယ်။Android ရဲ့ Setting ထဲမှာ နဂိုပါ မဟုတ်တဲ့အတွက် Volume Schedular ဆိုတဲ့ App တစ်ခုကို ထည့်သွင်းဖို့လိုပါတယ်။
set-your-androids-volume-level-change-schedule-w1456
App ကိုဖွင့်လိုက်တာနဲ့ အပေါ်ဘက်ထောင့်က ခရမ်းရောင် ခလုတ်လေး ကို enable လုပ်လိုက်ပါ။ အဲ့ဒီမှာ Office နဲ့ Home ဆိုတဲ့ပြုလုပ်ထားပြီးသား Preset နှစ်ခုကိုမြင်တွေ့ရပါမယ်။ အောက်ခြေထောင့်က + ကိုနှိပ်ပြီး မိမိစိတ်တိုင်းကျအလွယ်တကူစိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်မှာဖြစ်ပါတယ်။
Edit ကိုနှိပ်ပြီး Schedule Name ကို စိတ်ကြိုက်သတ်မှတ်ပြီးတဲ့အခါ Volume Profile မှာ Volume (၅) မျိုးကို စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။
ဒါ့အပြင် Schedule Setting  နဲ့ Notification Setting တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်ပြီးတာနဲ့ စိတ်ချလို့ ရပြီ ဖြစ်ပါတယ်။
set-your-androids-volume-level-change-schedule-w1456-8
သတိပြုဖို့လိုတာက အပြင်မှာ Volume ကို ထပ်မံ မသတ်မှတ်ဖို့ပါပဲ။

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: