About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Xiaomi က ကျပ်ဆယ်သိန်းကျော်ခန့် ဈေးပေါက်နေသည့် Mi Mix ကို ထပ်မံရောင်းချ

Xiaomi ဟာ Mi Mix ဖုန်းတွေကို နောက်ထပ် တစ်သုတ်အနေနဲ့ ဒီနေ့မှာ ထပ်မံရောင်းချမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၆.၄လက်မနဲ့ အနားသပ်လုံးဝမပါဝင်တဲ့ မျိုးဆက်သစ်ဒီဇိုင်းစမတ်ဖုန်းတွေဟာ ရောင်းအားသွက်လျက်ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ၁၀စက္ကန့်အတွင်းရောင်းကုန်သွားခဲ့ကြောင်း Xiaomi က ပြောကြားခဲ့တာဖြစ်ပြီး နောက်ဆုံးတစ်သုတ်မှာတော့ ဘယ်လိုလာဦးမလဲဆိုတာပြောကြားခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။
တရုတ်ကုမ္ပဏီအနေနဲ့ လက်ရှိမှာ တစ်လကို အလုံးရေ တစ်သောင်းသာ ထုတ်လုပ်မှာ ဖြစ်တာကြောင့် ဖုန်းကို အလျင်အမြန်ဝယ်ယူနေကြရတာလည်း ဖြစ်ပါတယ်။ ဟန်းဆက်ကို မြန်မာနိုင်ငံအနေနဲ့ Win Mobile World နဲ့ ဆိုင်အချို့မှာ ဝယ်ယူနိုင်နေပြီဖြစ်ပြီး ဈေးနှုန်းကတော့ 256 GB ဗားရှင်းကို ကျပ် ၁၀၆၀၀၀၀ကျပ်ကျသင့်မှာဖြစ်ပြီး 128GB ကတော့ ဈေးနှုန်း ၈၆၀၀၀၀ရှိတယ်လို့ သိရပါတယ်။
Share
Banner

ကိုမိုး

Post A Comment:

0 comments: