About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Apple ရဲ့ AirPods နားကြပ်ကို Android ဖုန်းနဲ့ အသုံးပြုနည်း


လွန်ခဲ့တဲ့ လအနည်းငယ်က ပလပ်ပါက်မဲ့ iPhone 7 နဲ့အတူတွဲဖက် မိတ်ဆက်ပြီးနောက် Apple ရဲ့ AirPods နားကြပ်ကို ကျွန်ုပ်တို့ ဝယ်ယူလို့ ရခဲ့ပါတယ်။ iPhone 7 နဲ့ နားကြပ်တွဲသုံးဖို့ တစ်ခုတည်းသောနည်းလမ်းက Bluetooth ကနေတဆင့်မို့ ဒါတွေဟာ Apple ရဲ့ တရားဝင်သီချင်းနားထောင်နည်းသစ် ဖြစ်ပါတယ်။
အထူးသဖြင့် ဒေါ်လာ ၃၀ ဝန်းကျင်ရှိ သင့်တင့်ကောင်းမွန်တဲ့ နားကြပ်တစ်စုံလောက် ဝယ်မယ်စဉ်းစားပါက ၁၅၉ ဒေါ်လာရှိတဲ့ AirPods က တန်ဖိုးမနည်းပါဘူး။ ဒါပေမယ့် Apple ကနေတစ်စုံတစ်ခု လုပ်ပေးမှသာ ဒီနားကြပ်တစ်စုံ ရင်ခုန်စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Airpods က ငွေမမီအောင် ဈေးကြီးလွန်းတာကြောင့် တကယ်လို့ သင့်မှာ Android ဖုန်းတစ်လုံးရှိပြီး ပိုက်ဆံမတတ်နိုင်ပါက Android အတွက် Apple ရဲ့ နောက်ဆုံးဖန်တီးခဲ့တဲ့နည်းလမ်းရှိပါတယ်။
အရင်ဦးဆုံး AirPods ကို charging case ထဲထည့်ရပါမယ်။ အဖုံးဖွင့်ပြီး ကျောဘက်က ချိတ်ဆက်ပေးတဲ့ ခလုတ်လေးကို ရှာပါ။ စက္ကန့်အနည်းငယ် ဆက်ကိုင်ထားပြီး မီးအဖြူရောင်လေး တွေ့ရပါမယ်။ အဲဒါက ချိတ်မိသွားပြီဆိုတဲ့ သဘောဖြစ်ပါတယ်။ ဆိုတော့ Android ဖုန်းမှာ Bluetooth settings ကို ဖွင့်ပါ။ List ထဲမှာ AirPods ကို ထောက်ပြီး accept လုပ်ပေးရပါမယ်။
AirPods ကို Android ဖုန်းနဲ့ ချိတ်ပေးရပါမယ်။ အဆင့်မြင့် Bluetooth နားကြပ်တစ်ခုကဲ့သို့ လုပ်ဆောင်ပါလိမ့်မယ်။ 
Ref: gadgetsnow 
Credit: trend.com.mm

ကိုမိုး(နည်းပညာ)
www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: