About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Android Device တစ်လုံးကို ရောင်းမချမီ ပြုလုပ်သင့်သည့် အချက်များ

ကိုယ်အသုံး မပြုချင်တော့တဲ့ Android OS  ဖုန်းတစ်လုံးကို ရောင်းချတော့မှာပဲဖြစ်ဖြစ် အခြားသူ တစ်ဦးကို ပေးတော့မယ် ဆိုရင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို Backup ပြုလုပ် ဖို့နဲ့ Wipe data ပြုလုပ်ဖို့ လိုအပ်ပါတယ်။
အသုံးမပြုတော့တဲ့ Android ဖုန်းရဲ့ data တွေကို နောက်ထပ် အသုံးပြုမယ့် ဖုန်းတစ်လုံးမှာ Restore ပြန်လည် ပြုလုပ်နိုင်ဖို့အတွက် ကွန်ပျူတာ နဲ့ Full Backup ပြုလုပ်နိုင်မှာ ဖြစ်သလို၊ Google Backup ကနေလည်း Contact, video, photo အစရှိတာတွေကို backup ပြုလုပ်နိုင်ပါတယ်။
ကွန်ပျူတာကနေ Backup ပြုလုပ်မယ်ဆိုရင် ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ပါ။ Explorer ကနေ Intenal Storage နဲ့ SD Card ပါဝင်တဲ့ Phone ဆိုရင် SD Card ထဲက data တွေကို ရွေးချယ်ပြီး ကွန်ပျူတာ ထဲမှာ ထည့်သွင်းကာ Backup ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ပြုလုပ်ခြင်းဟာ Contact တွေကို Export ပြုလုပ်ထားတယ် ဆိုရင်တော့ Contact တွေ ပါဝင်လာနိုင်ပေမယ့် Contact Export မပြုလုပ်ထားတဲ့ဖုန်းတွေအတွက်ကတော့ Contact file တွေဟာ ကွန်ပျူတာထဲမှာ backup ပြုလုပ်ထားနိုင် မှာမဟုတ်ပါဘူး။
Google Backup ကို အသုံးပြုပြီး Backup ပြုလုပ်မယ်ဆိုရင် Settings ထဲက Backup & Reset ဆိုတဲ့ နေရာ ကိုသွားရပါမယ်။ Backup my data ဆိုတဲ့နေရာမှာ on ပေးထားရပါမယ်။ ပြီးသွားရင် Automatic Restore ဆိုတဲ့ toggle ကိုလည်း Enable ပြုလုပ်ပေးရပါမယ်။
နောက်တစ်ဆင့်ကတော့ Settings > Account & Sync > Google account ဆိုတာကို ရွေးချယ်ပြီး Backup & Sync ဆိုတဲ့ toggle ကို enable ပြုလုပ်ပေးရပါမယ်။
Google Drive ဟာ သုံးစွဲသူတွေအတွက် Default အနေနဲ့ 15 GB အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့အတွက် ကိုယ့်ရဲ့ Backup ပြုလုပ်တဲ့ data တွေကို သိမ်းဆည်း ထားနိုင်ပါတယ်။ ဒါကတော့ Google ကနေ Backup ပြုလုပ်တဲ့ နည်းဖြစ်ပါတယ်။
နောက်ထပ် Backup ပြုလုပ်တဲ့ နည်းလမ်းတစ်မျိုးကတော့ app တွေကို အသုံးပြုပြီး Backup ပြုလုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ Titanium Backup, G Cloud Backup, Helium Backup အစရှိတဲ့ Backup app တွေကို အသုံးပြုပြီး Backup ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Titanium Backup app ကတော့ Root device ဖြစ်မှသာ အသုံးပြုနိုင်မှာဖြစ်ပြီး ကျန်တဲ့ app တွေကတော့ root မဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
Backup ပြုလုပ်တဲ့နည်းလမ်း ပြီးသွားရင် ကိုယ့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို အခြားသူများ မသိရှိစေရန် အတွက် ဖယ်ရှားရှင်းလင်း ရမယ့်နည်းလမ်းဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကို သာမန် သုံးစွဲသူများဟာ အချက်အလက်တွေကို ဖျက်ဆီးဖို့အတွက် factory reset, wipe data အစရှိတာတွေ ပြုလုပ်လိုက်ရုံနဲ့ data တွေ ပျက်သွားပြီလို့ ထင်မြင်တတ်ကြပါတယ်။ Recovery tool တွေဟာ အဆိုပါ နည်းလမ်းနဲ့ ဖျက်ဆီးထားတဲ့ contact တွေ အခြားသော ဖိုင်တွေကို ပြန်လည် ရယူနိုင်ကြပါတယ်။
ကိုယ့်ဖုန်းထဲက အချက်အလက်တွေကို Recovery Tool တစ်ခုခု နဲ့ ပြန်လည်ပြီး Recovery မပြုလုပ် နိုင်ဖို့အတွက် ဖုန်းထဲက data တွေကို Encrypt ပြုလုပ်ပြီးမှသာ Wipe data ပြုလုပ်သင့်ပါတယ်။ Encrypt ပြုလုပ်ဖို့အတွက် Settings ထဲက Security အောက်မှာ Encrypt phone ဆိုပြီး ရှိပါတယ်။  အဆိုပါ settings တွေဟာ ဖုန်းအမျိုးအစားလိုက်ပေါ် မူတည်၍ Settings များကွဲပြားနိုင်ပါတယ်။ Security အောက်က Encrypt phone ဆိုတာကို နှိပ်လိုက်ပါ။
နှိပ်ပြီးသွားရင် phone အတွင်းရှိ data တွေကို encrypt ပြုလုပ်မှာ ဖြစ်တဲ့အတွက် အချိန်အနည်းငယ် စောင့် ဆိုင်းပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးတဲ့အထိ ကိုစောင့် ဆိုင်းပေးရပါမယ်။
Encrypt ပြုလုပ်တဲ့ လုပ်ငန်းစဉ် ပြီးသွားပြီဆိုရင် Settings ထဲက Backup & reset ဆိုတဲ့နေရာကို သွားရပါမယ်။ Backup & reset ထဲကို ရောက်ပြီဆိုရင် Encrypt ပြုလုပ်ထားတဲ့ဖုန်းကို Factory data reset ပြုလုပ်ရမှာဖြစ်တဲ့အတွက် Factory data reset ဆိုတာကို နှိပ်လိုက်ပါ။ နှိပ်ပြီးသွားရင် Factory reset ပြုလုပ်မှာဖြစ်တဲ့အတွက် restart ပြုလုပ်သွားပါလိမ့်မယ်။ data တွေကို ပြန်လည်ရှင်းလင်းပြီး Boot ပြန်တက်လာ တဲ့အခါမှာ ကိုယ့်ရဲ့ ဖုန်းထဲက အချက်အလက် အဟောင်းတွေကို Recovery tool တွေကနေ ပြန်လည်ရှာဖွေနိုင်တော့မှာ မဟုတ်ပါဘူး ။
Ref: Internetjournalmedia

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: