Apple ကုမ္ပဏီဟာ နောက်ပိုင်းထုတ်လုပ်လာခဲ့တဲ့ New Macbook Pro လက်ပ်တော့တွေမှာ USB-C port နှစ်ခုကိုသာ ထည့်သွင်းပေးလာပါတယ်။ ဒါ့ကြောင့် New Macbook Pro အသုံးပြုသူအများစုဟာ external hard drive စိုက်လို့မရတာတွေ ၊ SD card စိုက်လို့မရတဲ့ ပြဿနာတွေအပြင် ကိုယ့်ဖုန်းကိုတောင် အားသွင်းလို့မရတဲ့ ပြဿနာမျိုးတွေ ကြုံလာရပါတယ်။
အခုတော့ ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့် ပစ္စည်းလေးတစ်ခု ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ HyperDrive လို့ အမည်ရတဲ့ External adapter တစ်ခုပဲဖြစ်ပါတယ်။ Macbook Pro မှာ ပါရင်းစွဲပါဝင်တဲ့ USB Type C နှစ်ခုကို ဒီ drive နဲ့ချိတ်ပြီး SD card, micro SD card slot, HDMI output နဲ့ USB 3.1 port နှစ်ခုအထိ တိုးချဲ့အသုံးပြုနို်င်မှာဖြစ်ပါတယ်။ Ethernet port ကိုတော့ ဒီ drive က ပြောင်းလဲပေးနိုင်မှာမဟုတ်ပေမယ့်လည်း ထုတ်လုပ်ခဲ့တဲ့ Macbook Pro 2015 မှာပါဝင်ခဲ့တဲ့အရာတွေ အကုန်လုံးကို ဒီ drive လေးက ပြန်ဆွဲခေါ်ပေးလိုက်သလိုပါပဲ။
လောလောဆယ်တော့ ဒီ drive လေးကို Kickstarter မှာ စတင်ရောင်းချပေးထားပြီဖြစ်ပြီး ဒေါ်လာ ၁၀၀ ခန့်သာ ကျသင့်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Kickstarter ရဲ့ ပရိုမိုးရှင်းကြောင့် ဒေါ်လာ ၇၀ သာ ကျသင့်မှာဖြစ်ပြီး ၁၃ လက်မနဲ့ ၁၅ လက်မ 2016 Macbook မော်ဒယ်လ်တွေအားလုံးမှာ အဆင်ပြေပြေ သုံးစွဲနိုင်တယ်လို့ သိရပါတယ်။ Space Gray နဲ့ ငွေရောင် အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ shipping ဝန်ဆောင်မှု စတင်သွားမှာပါ။
ဒါ့ကြောင့် ဒီ Hyper Drive လေးဟာ 2016 Macbook မော်ဒယ်လ် အသုံးပြုသူတွေအတွက် အတော်လေးအသုံးဝင်မှာဖြစ်ပါတယ်။
Ref : CNet
Post A Comment:
0 comments: