Apple အနေနဲ့ ၄င်းရဲ့ YouTube channel ပေါ်မှာ iPhone 7 camera ရဲ့ ဗီဒီယို ရိုက်ကူးမှုကို အမွှန်းတင်ထားတဲ့ ကြော်ငြာ ဗီဒီယို တစ်ခုကို ဒီဇင်ဘာ(၅) ရက်နေ့ က ဖြန့်လိုက်ပါတယ်။
ဗီဒီယိုရဲ့ ကြောငြာကို “Romeo and Juliet” လို့နာမည်ပေးထားပြီး ရှိတ်စပီးယားရဲ့ Romeo and Juliet ထဲက ဆက်တင်တွေ အတိုင်းပြင်ဆင်ကာ ကလေး နှစ်ယောက်က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဗီဒီယိုရဲ့ အဆုံးမှာတော့ caption အနေနဲ့ “Your movies look like movies on iPhone 7” ဆိုပြီး iPhone 7 ကင်မရာ ရဲ့ ဗီဒီယို အရည်အသွေးကို အမွှန်းတင်ထားပါတယ်။
Apple အနေနဲ့ iPhone 7 ဆိုတဲ့ နေရာမှာ iPhone 7 နဲ့ iPhone 7 plus နှစ်ခုစလုံးကို ရည်ညွှန်းတာဖြစ်ပြီး
- 12-megapixel high-speed sensors
- new image signal processors
- optical image stabilization
- wide color gamut
စတဲ့ Feature တွေဟာ အရင် မျိုးဆက် iPhone တွေထက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်အောင်ဖန်တီး ထားတာ ဖြစ်ပါတယ်။
admin @ digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: