About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အသေးငယ်ဆုံး attachable camera PogoCam

ဒီနေ့ခေတ်ကြီးထဲမှာ ကင်မရာပါဝင်တဲ့ မျက်မှန်ဆိုတာ မထူးဆန်းပါဘူး။ ဒါပေမယ့် မျက်မှန်မှာ တပ်လို့ရတဲ့ ကင်မရာဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းသွားပါပြီ။

မျက်မှန်ကင်မရာ၊ နာရီကင်မရာ ၊ ဘောပင်ကင်မရာ အစရှိတဲ့ wearable camera တွေ အတော်များများ ထွက်ရှိ ထားပေမယ့် PogoTec ကအသစ်ထုတ်လုပ်လိုက်တဲ့ PogoCam ကတော့ ဘယ်အရာနဲ့မဆို အလွယ်တကူ ချိတ်တွဲသွားလို့ရနိုင်တဲ့ ကမ္ဘာ့အသေးငယ်ဆုံး attachable camera ဖြစ်ပါတယ်။


WEST VALLEY CITY, UT - MARCH 2: West Valley City patrol officer Gatrell shows off his newly-issued body camera attached to the side of a pair of glasses on the first day of use on March 2, 2015 in West Valley City, Utah. West Valley City Police Department has issued 190 Taser Axon Flex body cameras for all it's sworn officers to wear starting today. (Photo by George Frey/Getty Images)
ပုံမှာပြထားတဲ့အတိုင်း အကြွေစေ့ (၃) စေ့လောက်တောင် မရှိတဲ့ အရွယ်အစားနဲ့ ဒီကင်မရာကို မျက်မှန် ကိုင်းမှာ တပ်ဆင်ပြီး သင်သွားတဲ့ လမ်းတစ်လျှောက်မှာရှိတဲ့ မြင်မြင်သမျှကို အလွယ်တကူမှတ်တမ်း တင်ထားနိုင်မှာဖြစ်ပါတယ်။
ဒီလိုသေးငယ်တဲ့ အရွယ်အစားနဲ့ လိုက်ဖက်တဲ့ Specs တွေအဖြစ် 5MP sensor ကိုအသုံးပြုထားပြီး ဓာတ်ပုံ (၁၀၀) ဒါမှမဟုတ် (၂) မိနစ်စာ HD(720p) Video (၁၀ စက္ကန့်စာ ဗီဒီယို ၁၂ ခု) ရိုက်ကူးလို့ရပါတယ်။ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစေဖို့ Auto-Focus စနစ်လည်းပါဝင်ပါတယ်။
ရိုက်ကူးထားတဲ့ ပုံတွေနဲ့ Video တွေကို wireless transfer လုပ်လို့တော့မရပါဘူး။ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ကူးယူမှ ရမှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ (၁၂၉) ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။
admin@Digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: