Apple ကုမ္ပဏီ ဟာ မောင်းသူမဲ့ မော်တော်ကား (Self Driving Car) ပရောဂျက်အတွက် သိတ်မကြာခင်ကာလအတွင်းမှာပဲ ကုမ္ပဏီ ရဲ့ ထုတ်ကုန်တစ်ခု အနေနဲ့ ဈေးကွက်ကို တင်ပို့ရောင်းချသွားမှာ ဖြစ်တဲ့အကြောင်း ကို ကုမ္ပဏီ က အတည်ပြု ၀န်ခံပြောကြားလိုက်ပါတယ်။
.
Project Titan လို့ အများက သိကြပြီး Apple က ကားထုတ်မယ် ဆိုတဲ့ကိစ္စ ဟာ အရင်နှစ်တွေအတွင်း က Rumor (ခန့်မှန်းသတင်း) မျှသာ ရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး Automated Car ဈေးကွက်ကို စတင် ခြေလှမ်းပြင်လာခဲ့တယ် လို့ သိရပါတယ်။
.
မောင်းသူမဲ့ မော်တော်ကား ထုတ်လုပ်မှုအပိုင်းအတွက် Apple ဟာ ဒ်ါလာသန်းချီပြီး အကုန်ကျခံ ရင်းနှီးမြုပ်နှံထားခဲ့တဲ့အပြင် နေရာများစွာ မှာ ရောက်ရှိမော်ငးနှင်နိုင်ဖို့အတွက် ကွင်းဆင်းစမ်းသပ်မှုတွေ သောင်းနဲ့ချီပြီး အများအပြား ပြုလုပ်ထားခဲ့တယ် လို့ Apple ရဲ့ product integrity အကြီးအကဲ ဖြစ်သူ Steve Kenner ကနေပြီး NHTSA (ယာဉ်ကြောပိတ်ဆို့မှု စီမံခန့်ခွဲမှု ရုံး) သို့ ပေးပို့တဲ့ အစီရင်ခံစာတစ်စောင် ကို အခြေခံပြီး ဂါးဒီယန်း သတင်းစာ က ဖွင့်ဟခဲ့တာပဲ ဖြစ်ပါတယ်။
.
Apple ဟာ မောင်းသူမဲ့ မော်တော်ကားတွေအတွက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရအောင် ကနဦးမှာ စတင် ပြင်ဆင်ကြိုးပမ်းလျက်ရှိပြီး စက်ပစ္စည်းတွေက အလိုအလျောက်သိနားလည်နိုင် စေဖို့ ထည့်သွင်းမယ့် AI နည်းပညာကိုလည်း ကောင်းသည်ထက် ကောင်းအောင် အစွမ်းကုန်မွန်းမံ ပြင်ဆင်နေခဲ့တယ် လို့ စာထဲမှာ ဖော်ပြထားပါတယ်။
.
Apple ရဲ့ ယှဉ်ပြိုင်ဘက်တစ်ဦး ဖြစ်တဲ့ Google ကတော့ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြီး မောင်းသူမဲ့မော်တော်ကား တွေကို ထုတ်လုပ်ခဲ့ပေမယ့် ထင်ထားသလောက် အောင်မြင်မှု မရရှိသေးဘဲ ပျက်စီးဆုံးရှုံးမှု များစွာ ကြုံတွေ့နေရဆဲပဲ ရှိနေသေးပါတယ်။ အခု လို စာထဲမှာ Apple Driverless car နဲ့ ပတ်သက်ပြီး ပါရှိနေပေမယ့် AI တွေနဲ့ Machine နည်းပညာ ပိုင်းကို ပိုပြီး အားကောင်းစေဖို့ လိုအပ်ချက်တွေအများအပြား ရှိနေသေးတဲ့အပြင် မော်တော်ကားလောကမှာ စိန်ခေါ်မှုတွေ အများအပြား ရှိနေသးတဲ့အတွက် Apple ရဲ့ အခုလို မောင်းနှင်သူမဲ့မော်တော်ယာဉ် တွေကို ၂၀၂၀ ခုနှစ် မရောက်ခင်အထိမြင်တွေ့သေးရဖွယ် မရှိသေးဘူး လို့ ကျွမ်းကျင်သူတွေ က သုံးသပ်ကြပါတယ်။

(ပုံမှာ ဖော်ပြထားတာက အမှန်တကယ် မောင်းနှင်ဖို့အတွက် ထုတ်လုပ်မယ့် ကား မဟုတ်သေးပဲ စိတ်ကူးထည် Concept ကား ဒီဇိုင်းမျှသာ ဖြစ်ပါတယ်။)
admin@Digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: