About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Facebook Video များကို အလွယ်တကူ download ပြုလုပ်နည်း

Facebook ပေါ်က video တွေကို ကွန်ပျူတာပေါ်မှာ download ပြုလုပ်ချင် သူတွေအတွက် ပြုလုပ်ခြင်း နည်းလမ်းများစွာ ရှိပါတယ်။ Third-party software တွေကို အသုံးမပြုဘဲ download ပြုလုပ်နည်း၊ Extension များ နှင့် download ပြုလုပ်နည်းများအပြင် ဝက်ဘ်ဆိုက်ပေါ်ကနေလည်း download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Third-party software တွေကို အသုံးမပြုဘဲ download ပြုလုပ်ချင်တယ်ဆိုရင် Download လုပ်မယ့် Video ဖိုင်ကို ဖွင့်၊ Right-click နှိပ်ပြီး Copy Video Address ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ပြီးသွားရင် နောက်ထပ် Tab တစ်ခုမှာ Paste လုပ်လိုက်ပါ။
ပြီးရင်တော့ URL အရှေ့က “www” ဆိုတာကို ဖြုတ်၊ “m” ဆိုတာကို ထည့်ပေးပြီး Mobile version ဘက်ကို ပြောင်းရပါမယ်။ ဒီအဆင့်တွေပြီးသွားရင် Video file ကို run ပြီး Right-click နှိပ်၊ Save as video ဆိုတာကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် MP4 file extension နဲ့ ဗီဒီယို ဖိုင်ကို စတင် download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

အကယ်၍ Chrome browser ကို အသုံးပြုနေတဲ့ သူတွေအတွက်ဆိုရင် FBDown Video Downloader ဆိုတဲ့ Extension ကို ဒီနေရာမှာ သွားရောက်ပြီး Install ပြုလုပ်နိုင်ပါတယ်။ Install ပြုလုပ်ပြီးရင် Facebook video ကို play လိုက်ပြီး အဆိုပါ extension ကို ကလစ်နှိပ်လိုက်တာနဲ့ download ပြုလုပ်နိုင်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး facebook video download ပြုလုပ်ချင်သူတွေအတွက်ကတော့ http://www.downvids.net ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားလိုက်ပါ။ Facebook video file ရှိတဲ့ Link ကို ထည့်သွင်းပြီး download ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။
ပြီးသွားရင် အောက်ခြေနားမှာရှိတဲ့ Download this video ဆိုတဲ့ ခလုတ်နေရာကို Right-click နှိပ်ပြီး Save as ကို ရွေးချယ်ကာ video ဖိုင်ကို download လုပ်ယူနိုင်ပြီဖြစ်ပါတယ်။
Ref:http:Internetjournal.media/

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: