GE က စက်ဝိုင်းပုံသဏ္ဍာန်ရှိတဲ့ နည်းပညာမြင့် စားပွဲတင် မီးအိမ်ကို မိတ်ဆက်လိုက်ပါတယ်။ မီးလုံးမှာ Amazon ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Alexa ကို ထည့်သွင်းထားပါတယ်။ မီးလုံးဟာ အင်တာနက် ချိတ်ဆက်နိုင်ပြီး ပိုင်ရှင်ရဲ့ အသံ အမိန့်များကို နားလည်ပါတယ်။ ပါးစပ်ကနေ ပြောလိုက်တာနဲ့ ပိုင်ရှင်ခိုင်းတဲ့ အလုပ်များကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Amazon က သူ့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Alexa ဆော့ဝဲကို အခြား ကုမ္ပဏီများရဲ့ ထုတ်ကုန်များမှာ အသုံးပြုခွင့်ကို ခွင့်ပြုပေးခဲ့တဲ့နောက်မှာ GE က သူ့ရဲ့ မီးအိမ်မှာ Alexa ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
.
GE က မီးအိမ်ကို “ C by GE “ စားပွဲတင် မီးအိမ်လို့ အမည်ပေးထားပါတယ်။ မီးအိမ်မှာ စပီကာနဲ့ မိုက်ကရိုဖုန်း ပါရှိပြီး Alexa ပါတဲ့ ပထမဆုံး စမတ် မီးအိမ် ဖြစ်ပါတယ်။ မီးအိမ်ဟာ အင်တာနက် ကနေ တစ်ဆင့် အခြား စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။
Alexa ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ကို မေးခွန်းများ မေးခြင်း၊ စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်ခြင်း၊ ဈေးဝယ်စာရင်းများ ပြုလုပ်ခြင်း၊ ဂိမ်းများ ကစားခြင်း၊ သီချင်းများ ဖွင့်ခိုင်းခြင်းနဲ့ အခြား အလုပ်များစွာကို ခိုင်းစေနိုင်ပါတယ်။
.
GE က စမတ် မီးအိမ်ကို ၂၀၁၇ ခုနှစ် ဒုတိယ လ၀က်မှာ ရောင်းချမှာ ဖြစ်ပြီး လက်ရှိ ဒီဇိုင်းဟာ အချောထည် မဟုတ်သေးဘူးလို့ ပြောပါတယ်။
admin@digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: