About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

BMW က ကားသူခိုးကို ဖမ်းပေးခဲ့

အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်မှ ရဲများက BMW မော်တော်ကားကုမ္ပဏီရဲ့ အကူအညီဖြင့် ကားသူခိုးကို ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။ ကားပိုင်ရှင်ဟာ အခိုးခံရတဲ့ နေ့မတိုင်ခင် တစ်ရက်က မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပြီး ကားကို သူငယ်ချင်းတစ်ယောက်အား ပေးထားခဲ့တာပါ။ သူငယ်ချင်းက ကားသော့ကို ကားထဲမှာ မေ့ကျန်ခဲ့တဲ့အတွက် သူခိုးက အလွယ်တကူ ခိုးယူခဲ့တာ ဖြစ်ပါတယ်။
.
နံနက် ၅ နာရီမထိုးခင်မှာ BMW ကားပိုင်ရှင်က သူ့ကား ပျောက်နေတာကို သိခဲ့ပြီး 911 ကို ဖုန်းဆက်ခဲ့ပါတယ်။ ရဲအရာရှိများက BMW ကုမ္ပဏီကို ဖုန်းဆက်ခဲ့တဲ့အတွက် NE 63rd လမ်းရဲ့ 2100 Block မှာ ကားရဲ့ တည်နေရာကို BMW က ခြေရာခံနိုင်ခဲ့ပြီး ကားတံခါးများကို အဝေးကနေ Lock လုပ်ခဲ့ပါတယ်။
.
ရဲများ နံနက် ၅ နာရီ ၄၅ မိနစ်မှာ ကားအနားရောက်သွားတဲ့ အချိန်မှာ သူခိုးဟာ ကားထဲမှာ ပိတ်မိနေပြီး အိပ်ပျော်နေခဲ့ပါတယ်။ ရဲများက ကားသူခိုးကို နှိုးပြီးနောက်မှာ သူက ကားမောင်း ထွက်ပြေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ အဖမ်းခံခဲ့ရပါတယ်။ ကားသူခိုးဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီး မူးယစ်ဆေးဝါး အနည်းငယ်ကိုလည်း လက်ဝယ်ကိုင်ဆောင်ထားတာကို ရဲများက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ရဲများက သူခိုးကို ကားခိုးမှုနဲ့ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်မှုများဖြင့် King County အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။
admin@digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: