GYM ဆော့ပြီးနောက် ဆံပင်ပုံကျလှပနေစေဖို့အတွက် ဆိုရင်
Gymဆော့ပြီး ချွေးအပြည့်စေးကပ်နေတဲ့ ဆံပင်နဲ့ အပြင်သွားချင်တဲ့ မိန်းကလေးတစ်ယောက်မှ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ခေါင်းလျှော်ဖို့ အချိန်မရှိတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့် လျှော်ဖို့မဖြစ်နိုင်သေးဘူးဆိုရင် ဒီအချက်ကလေးတွေအတိုင်း ပြင်ဆင်ပြီး အပြင်သွားဖို့ အကြံပေးပါရစေ။
၁-Dry Shampooသုံးပါ။
ဆံပင်တွေရှုပ်ပြီးချွေးတွေလည်းထွက်နေတယ် ခေါင်းလျှော်ဖို့လည်း အချိန်မရှိဘူးဆိုရင် Dry Shampoo ဆောင်ထားပါ။ ဆံပင်တွေကို နည်းနည်းဖွပြီး Dry Shampooကို ဆံပင်အရင်းနားနဲ့ ဆံပင်လိုင်း တစ်လျှောက်ဖြန်းပေးပါ။ပိုပြီး ဆံပင်ထူတဲ့ပုံစံရဖို့ ခေါင်းကိုအောက်စိုက်ပြီး အပေါ်ကဖြန်းပေးပါ။
၂-ဆံပင်ကိုရေမွှေးဖြန်းပါ။
ချွေးတွေက သင့်ဆံပင်ကို အနံ့အသက်ထွက်စေပါတယ်။ အလျင်အမြန်သွားစရာရှိတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်စေဖို့ဆံပင်တွေကို ရေမွှေးဖြန်းပေးပါ။ အရမ်းကြီးအနံ့ပြင်းတာမျိုးတော့ရှောင်သင့်ပါတယ် ချွေးနံ့နဲ့ရောသွားတဲ့အခါ ပိုပြီးဆိုးတဲ့အနံ့တွေ ဖြစ်လာတတ်လို့ပါ။
၃-ကပိုကရို ကျစ်ဆံမြီးလေးကျစ်ပါ။
ဆံပင်ကို နည်းနည်းပွပွ သတို့သမီး ကျစ်ဆံမြီးလေးကျစ်သွားလည်း ရပါတယ်။အရမ်းကြီး ဆံပင်တွေက ကပ်တာမျိုးမဖြစ်တော့ဘဲ ပုံကျနေပါလိမ့်မယ်။လုံးဝ perfectပုံစံမရသွားရင်တောင် ကိုယ့်ဆံပင်တွေ ဘယ်လိုရှိလဲဆိုတာ မသိနိုင်ပါဘူး။
၎-Bohoပုံစံ ခေါင်းပတ်တွေသုံးပါ။
ချွေးတွေထွက်လာတဲ့အခါ ဆံပင်တွေက ကပ်သွားတတ်ပါတယ်။ ဆံပင်ကပ်ကပ်ကြီးဖြစ်နေရင် ကြည့်ရဆိုးပါတယ်။ ဒါပေမယ့် Bohoပုံစံခေါင်းပတ်လေးတွေရှိရင် ရပါတယ်။ နဖူးထိပ်ကနေ Boho ခေါင်းပတ်လေးတွေပတ်ထားလိုက်ရင် ဆံပင်လေးက သေသပ်သွားတဲ့အပြင် ပုံစံသစ်တစ်မျိုးဖြစ်သွားစေ ပါတယ်။
၅-ဆံပင်အဖျားတွေကို ပျော့ဆေးအခြောက်လိမ်းပါ။
ချောမွေ့ပြီး ပုံကျစေဖို့ ပျော့ဆေးအခြောက်ကို ဆံပင်အဆုံးနားမှာ လိမ်းလိုက်လို့လည်းရပါတယ်။
၆-Hair Dryerနဲ့အခြောက်ခံပါ။
သင့်ဆံပင်ကို ရေအနည်းငယ်ဖြန်းပြီး Dryerကို လေအေးအနေအထားမှာထားပြီး လေမှုတ်ပါ။Dryerကလေအေးက ဆံပင်ကို အသစ်အတိုင်းပြန်ဖြစ်စေတဲ့အပြင် သင့်ကိုပါ လန်းဆန်းစေပါတယ်။
၇-ပိုနီတေးလ်စည်းပါ။
ဆံပင်ကို ဘာမှလုပ်ဖို့အချိန်မပေးနိုင်ဘူးဆိုရင် အကောင်းဆုံးက ဘီးနဲ့သပ်သပ်ရပ်ရပ်ဖြီးပြီး ပိုနီတေးလ် ခပ်မြင့်မြင့်သာစီးလိုက်ပါ။ သေသေသပ်သပ်မိန်းမဆန်ဆန်နဲ့ အလှပဆုံးဖြစ်နေမှာအသေချာပါပဲ။
admin@Tend
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: