နောက်ထွက်လာမယ့် iPhone 8 ရဲ့ ဖြစ်နိုင်ဖွယ် အပြင်အဆင်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးသုံးသပ်ချက်များ
iPhone 7s ထွက်ရှိတာ မနေ့တစ်နေ့ ထင်ရပေမယ့် iPhone 8 နဲ့ ပတ်သက်တဲ့သတင်း ကောလာဟလတွေ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ နည်းပညာ၊ ဘယ်သူတွေ အမီလိုက်နိုင်ကြမလဲ။ အဖြေက ရှင်းပါတယ်။ အမီလိုက်နိုင်သူတွေ များစွာရှိပါတယ်။ ပြီးတော့ နောက်နှစ် ဒီလိုအချိန်မျိုးဆို မိမိတို့အိတ်ကပ်အတွင်း ဘယ်လိုကွန်ပျူတာတွေ ကျွန်ုပ်တို့ သယ်ဆောင်ကြမလဲဆိုတဲ့ မှန်းဆချက်တချို့ သူတို့ ထုတ်ခဲ့ကြပါတယ်။
Apple ကုမ္ပဏီက ပညာရှင်တွေဆီ ချဉ်းကပ်မေးမြန်းခဲ့ပြီး iPhone 8 ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတဲ့ သုံးသပ်ချက်တချို့ သတင်းပေးကြပါတယ်။ သူတို့ပြောပုံအရ အရွယ်အစား ၃ မျိုးဖြင့် ရရှိမှာ ဖြစ်ပြီး ပုံတွေဟာ screen ပေါ် ပိုမိုပြီး ပြူးထွက်နေလိမ့်မယ်၊ home button က ပျောက်သွားပြီး ကြိုးမဲ့အားသွင်းစနစ်ဖြစ်မယ်လို့ သိရပါတယ်။ နောက် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နိုင်တဲ့ အချက် (၂) ချက် ရှိပါတယ်။
ဖန်သားမျက်နှာပြင်အကွေး
iPhone 8 အပေါ် ထင်ကြေးပေးမှန်းဆသူအများစုက ကြီးမားတဲ့ ဒီဇိုင်းပြန်လည်ပြင်ဆင်ရေးဆွဲမှု ပြုလုပ်ထားလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ အသိသာဆုံးက screen ဟာ တစ်ဘက်ဘက်သို့ ကွေးညွှတ်နေပြီး Samsung Galaxy S7 အနာကွပ်နဲ့ များစွာ တူညီပါလိမ့်မယ်။ အဲဒီအပြင် အရှေ့ဘက်နဲ့ ကျောဘက်နှစ်ခုလုံး ဖန်သားပြင် ဖုံးကာထားပြီး iPhone 4 နဲ့ iPhone 4s မော်ဒယ်လ်တွေလို သတ္တုဘောင်ကနေတစ်ဆင့် ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီတစ်ခါ အအက်ကွဲခံအောင် ပြုလုပ်ထားမယ်လို့ မျှော်လင့်ထားပါတယ်။
မျက်လုံးနဲ့ မျက်နှာစကင်နည်းပညာ
iPhone 5s မှာ Touch ID စတင်မိတ်ဆက်ခြင်းက မိုဘိုင်းလ်လုံခြုံရေးနဲ့ အဆင်ပြေသက်သာလွယ်ကူမှုဆိုတဲ့ ကဏ္ဍသစ်တစ်ခု ချပေးလိုက်တာပါပဲ။ ဒါပေမယ့် Apple အနေနဲ့ biometrics စနစ်ထည့်သွင်းပေါင်းစပ်မှု တစ်ဆင့် သို့မဟုတ် နှစ်ဆင့် တိုးမြင့်လုပ်ဆောင်ဖို့ စဉ်စီထားပါတယ်။ တရုတ် chip ထုတ်လုပ်တဲ့ ကုမ္ပဏီကတဆင့် ပေါက်ကြားတဲ့ ကောလာဟလတစ်ခုက နောက်ထွက်မယ့် iPhone မှာ မျက်လုံးစကင်ဖတ်နည်းပညာ ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။ ဒီတော့ screen ပေါ်က ကင်မရာလေးကို ကြည့်ရုံနဲ့ မိမိ iPhone ကို ဖွင့်နိုင် သို့မဟုတ် Apple Pay ကနေ ပစ္စည်းဝယ်နိုင်မယ့် အဓိပ္ပါယ်ပဲဖြစ်ပါတယ်။
admin@Tend
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: