About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

မိမိဓာတ်ပုံတွေကို စိတ်ကြိုက် ပုံဖော်ဖန်တီးနိုင်မယ့် app လေး



၂၀၁၇ နှစ်အတွင်း လူတိုင်း ဒေါင်းလုဒ်ရယူပြီး အရူးအမူးဖြစ်နေကြတဲ့ app လေးအကြောင်းပြောပြချင်ပါတယ်။ Meitu လို့ခေါ်တဲ့ ဒီ app ဟာ အခြားလူသိများတဲ့ app များကဲ့သို့ပဲ မိမိဓာတ်ပုံတွေ edit လုပ်၊ ဖြတ်ညှပ်ကပ်လုပ်ပြီး မိမိဆယ်ဖီပုံတွေကို စိတ်ကြိုက် ပုံဖော်ဖန်တီးပေးနိုင်ပါတယ်။
အခမဲ့ iOS နဲ့ Android app လေးတစ်ခု ဖြစ်တဲ့ Meitu ဟာ သင့်ဆယ်ဖီပုံတွေကို ပန်းချီဆွဲထားတဲ့ အရုပ်မျိုးဖြစ်အောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။ သုံးပုံသုံးနည်းတွေက အင်မတန်ရိုးရှင်းပါတယ်။ အရှေ့ဘက် မျက်နှာမူထားတဲ့ ပုံလေးတစ်ပုံကိုသုံးပြီး ဆံပင်ဟာ နားရွက်အောက်နားထိ ဖုံးနေရပါမယ်။ ဆယ်ဖီအသစ်ရိုက်နိုင်သလို၊ ရှိပြီးသား မိမိပုံဟောင်းလေးတစ်ခုခုကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ပြီးတာနဲ့ edit စလုပ်ရပါမယ်။
ပင်မစာမျက်နှာ (main page) မှာ Edit ၊ Retouch ၊ Hand-Draw နဲ့ Collage စတဲ့ ရွေးချယ်စရာလေးတွေ တွေ့ရပါမယ်။ Retouch option ထဲမှာ ဓာတ်ပုံတစ်ပုံရိုက်၊ Beauty သို့မဟုတ် Effects lens ရွေးပြီး ဖလင်ကွက်၊ အလင်းအမှောင် စတာတွေ ပြောင်းပေးမယ့် filter အမျိုးမျိုးအသုံးပြုနိုင်ပါတယ်။ ပြီးတော့ နောက်ပေ့ခ်ျတစ်ခုရောက်သွားပြီး အောက်ပါပုံအတိုင်း အသားအရေပြောင်ချော၊ မျက်နှာသွယ်သွယ်လေးဖြစ်စေပြီး အမည်းစက်တွေ ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။  


Trend.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: