အကယ်၍ သင်ဟာ ဆိုဖာထိုင်ခုံတစ်ခုပေါ် ဇိမ်နဲ့နှပ်နေတာကို အဆုံးသတ်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်တော့မယ်လို့ ဆုံးဖြတ်ထားသူတွေထဲက တစ်ယောက်ဖြစ်ပါက ကိုယ်ကာယလှုပ်ရှားမှု ခြေရာခံကိရိယာ fitness tracker တွေနဲ့ နီးစပ်ဖို့ အလားအလာများပါတယ်။ Fitness tracker အများစုကတော့ အင်မတန်ဈေးကြီးကြပါတယ်။ ဒီကိရိယာ အများစုဟာ ဒေါ်လာ ၁၀၀ သို့မဟုတ် အဲဒီအထက် တန်ဖိုးပါတယ်။ ဒါပေမယ့် Xiaomi ရဲ့ Mi Band2 ကတော့ $20 လောက်နဲ့ လက်လီအရောင်းအဝယ်ရှိဟန်တူပါတယ်။ ဟုတ်ပါတယ်။ သူကအလုပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သင်က အသားမမည်းဘူးဆိုရင်ပေါ့။
ကမ္ဘာ့အနှံ့အပြားက Mi Band2 သုံးစွဲသူ လူမည်း၊ ကပ္ပလီဟာ ဒီကိရိယာကို လက်ဖဝါးလို အသားပိုဖြူတဲ့ နေရာတွေမှာ မထားဘူးဆိုရင် sensor က နှလုံးခုန်နှုန်းကို တိတိကျကျ မဖမ်းနိုင်ဘူးလို့ တိုင်တမ်းမှုတွေ ပြုလုပ်ကြပါတယ်။ အဲဒီကိရိယာနဲ့ အရေပြားနှစ်ခုကြားမှာ စက္ကူဖြူလေးတစ်ခု ခံသုံးကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရေးသားချက်တွေ ပေ့ခ်ျမျိုးစုံမှာ တက်ပြီး ဒီကိစ္စဟာ ၂၀၁၆ အောက်တိုဘာလကတည်းက ရှိခဲ့တဲ့ ပြသနာတစ်ခု ဖြစ်ဟန်တူပါတယ်။
Xiaomi Mi Band2 ကို စီစဉ်ထုတ်လုပ်တဲ့ Miui က ဒုက္ခရောက်နေပါတယ်။ နောက်ထုတ်မယ့် ပစ္စည်းကျရင်တော့ လူတိုင်း အဆင်ပြေပြေ အသုံးပြုနိုင်မယ့် fitness tracker တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
Ref: thenextweb
trend.com.mm
Post A Comment:
0 comments: