About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ကလေးငယ် မကောင်းဆိုးရွား ခြောက်လှန့်နေသည်ကို လုံခြုံရေးကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့

ဖခင်တစ်ဦးဟာ အိမ်အတွင်းမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကိုပြန်လည်စစ်ဆေးရာကနေ သမီးငယ်ကိုကို လိုက်လုံခြောက်လှန့်နေတဲ့ မကောင်းဆိုးရွား အိမ်အတွင်းမှာ ရှိနေတယ်ဆိုတာ သိသလိုက်ရပါတယ်။
'Demon possessed doll' blinks and nods head before entire room shakes leaving young girl terrified


အဆိုပါ ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်း ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် ယခုအချိန်ကျမှသာ ဖေ့စ်ဘွတ်မှာ ဗီဒီယိုဖိုင် ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မြင်ကွင်းအရ ပထမဗီဒီယိုမြင်ကွင်းထဲမှာ ကလေးငယ်ဟာ အခန်းတွင်း  အရုပ်တစ်ခုနဲ့အတူ ဆော့ကစားနေခဲ့တာဖြစ်ပါတယ်။သူမနဲ့ မလှမ်းမကပ် ထိုင်ခုံတစ်လုံးရဲ့အောက်မှာ နောက်ထပ်အရုပ်တစ်ခု ရှိနေခဲ့ပါတယ်။
play

ကလေးငယ်က သူမလက်ထဲကအရုပ်နဲ့ဆော့နေချိန်မှာ ထိုင်ခုံအောက်က အရုပ်ဟာ သူ့အလိုလို ခေါင်းက တဖြေးဖြေး လှုပ်ရမ်းခဲ့တာဖြစ်ပါတယ်။ အရုပ်ခေါင်းလှုပ်ရှားမှုဟာ နှေးကွေးတာကြောင့် ကလေးငယ်မိန်းကလေးဟာ သတိမထားမိခဲ့ပါဘူး။
နောက်ထပ် ဗီဒီယိုပြကွက်တစ်ခုထဲမှာ ဧည့်ခန်းထဲမှာ ကလေးငယ်ဟာ ပုံဆွဲနေစဉ်မှာ စာရွက်တွေဟာ တစ်ယောက်ယောက်က လေနဲ့မှုတ်လိုက်သလို လွင့်ပျံလာတာဖြစ်ပါတယ်။ လေတိုက်လို့ စာရွက်တွေလွင့်သွားတဲ့ ပုံစံမျိုးမဟုတ်ခဲ့ပါဘူး။ တစ်ခုခုမှားနေပြီဆိုတာ သိသွားတဲ့ကလေးငယ်ဟာ ခုံကနေ ချက်ခြင်းထသွားခဲ့ပေမယ့် ငြိမ်သွားတဲ့အခါ ပြန်လာကြည့်တဲ့အချိန်မှာ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ကို ထပ်ပြီးကြုံခဲ့ရတာပါ။ ဗီဒီယိုဖိုင်ထဲမှာတော့ ခုံတွေလှုပ်တဲ့အထိ  နှောက်ယှက်ခံခဲ့ရတာတွေ့ရပါတယ်။
play

အဆိုပါဗီဒီယိုဖိုင်ကို စပိန်ဘာသာစကားနဲ့ တင်ထားခဲ့ပြီး ဖေ့စ်ဘွတ်မှာကြည့်ရှုသူအရေအတွက် ငါးသိန်းကျော်သွားခဲ့ပါပြီ။
Source : Daily  Mail
Admin>>>DuWun

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: