About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အိန္ဒိယ ရဲတပ်ဖွဲ့က Drone နဲ့ CCTV ကင်မရာများကို အသုံးပြုမည်

အိန္ဒိယ ရဲတပ်ဖွဲ့က လမ်းမများမှာ လုံခြုံရေး အစောင့်အရှောက်များ တိုးမြှင့်ဖို့အတွက် နည်းပညာ အကူအညီကို ရယူလိုက်ပါတယ်။ အိန္ဒိယ အရှေ့ခြမ်းရဲ့ အဓိက မြိှု့တော်ဖြစ်တဲ့ ကာလက္ကတား လမ်းမများရဲ့ မီတာ ၂၀၀ နဲ့ ၃၀၀ အကွာအဝေးတိုင်းမှာ CCTV ကင်မရာများ တပ်ဆင်နေတယ်လို့ Times of India က ရေးသားထားပါတယ်။
“ ရည်ရွယ်ချက်ကတော့ လမ်းပေါ်မှာ ဖြစ်တဲ့ မှုခင်းများနဲ့ မတော်တဆမှုများကို လုံခြုံရေး ကင်မရာများကနေ ရိုက်ကူးနိုင်ဖို့ ဖြစ်ပါတယ်။ “ လို့ ကာလက္ကတားရဲ့ ရဲမှူးကြီးက ပြောပါတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာ ၅၀၀ ကိုတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့က Drone ယာဉ်ပျံများဖြင့်လည်း လုံခြုံရေး တိုးမြှင့်မှာ ဖြစ်ပြီး Drone အစီးရေ ၅၀ ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Drone များနဲ့ ကင်မရာများက အမှောင်ထဲမှာတောင် ကားနံပါတ်ပြားများကို ဓါတ်ပုံရိုက်ကူးနိုင်ပါတယ်။
ကာလက္ကတားဟာ အိန္ဒိယရဲ့ တတိယ လူနေအထူထပ်ဆုံး မြို့ဖြစ်ပြီး တစ်နေ့လျှင် လမ်းပေါ် သွားလာနေကြတဲ့ လူပေါင်း ၁၅ သန်းလောက် ရှိပါတယ်။ အဲဒီအတွက် မတော်တဆမှုများနဲ့ မှုခင်းများလည်း မကြာခဏ ဖြစ်တတ်ကြပါတယ်
ယခင်နှစ်ကလည်း ကာလက္ကတား Red Road ရှိ လေတပ်စခန်းကို Audi ကားတစ်စီး ၀င်တိုက်မှု ဖြစ်ခဲ့ပါသေးတယ်။ အဲဒီနှစ် မတိုင်ခင်ကလည်း Park Street မှာ မုဒိန်းမှု ဖြစ်ခဲ့ပါသေးတယ်။ အခုတော့ အိန္ဒိယ ရဲတပ်ဖွဲ့က အဲဒီမြို့မှာ မှုခင်းများ ကျဆင်းစေဖို့ အတွက် နည်းပညာများကို အသုံးပြုနေပြီ ဖြစ်ပါတယ်။
Admin@digitaltime

ကိုမိုး(နည်းပညာ)
www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: