မိခင်တွေအတွက် ကလေးတွေရေချိုးပေးရတဲ့အချိန်ဟာ အိပ်မက်ဆိုးသဖွယ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေကို သူ့အချိန်နဲ့သူ တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ဖို့ကလည်း မဖြစ်မနေလိုအပ်တာမို့ ကလေးတွေ ရေချိုးချိန် ပျော်ရွှင်မြူးထူးမှု ရှိစေဖို့ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။
မျက်နှာကာ ဝယ်ပေးပါ
မျက်ရည်မယို ဖော်မြူလာနဲ့ ဆေးလုံးတွေရှိပေမယ့် မျက်စိထဲ ဆပ်ပြာဝင်တာက ရေချိုးချိန် မျက်ကလူးဆန်ပျာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ မျက်နှာနဲ့ မျက်နှာပေါ်က ဆပ်ပြာမြုပ်တွေ သုတ်ဖို့ အဝတ်အခြောက်တို့က အကောင်းဆုံး မျက်လုံးကျိန်းစပ်မှုကာကွယ်နည်းပဲ ဖြစ်ပါတယ်။
ဇလုံထဲ ကစားစရာအရုပ်တွေ ပစ်ချပါ
ဇလုံထဲ အရုပ်တွေအပြင်ကိုမှ မုတ်ဆိတ်မွှေးရိတ်သုံးခရင်မ်၊ အမြုပ်တစီစီထတဲ့ အရောင်ရှိဆပ်ပြာမြုပ် စတာတွေ လည်း ထည့်ထားနိုင်ပါတယ်။
လေပူဖောင်းလေးတွေ
Colored tablets + မိမိကြိုက်နှစ်သက်ဆုံး ရေချိုးကန်သုံး "bubble bath" ဆေးရည် = အံ့မခန်းဖွယ် ရောင်စုံ လေပူပေါင်း စတာလေးတွေကလည်း အထောက်အကူဖြစ်ပါတယ်။
အချိန်ပြောင်းပါ
တချို့မိသားစုတွေအဖို့ ညနေစာစားပြီး စိမ်ပြေနပြေရေချိုးတာက ပုံမှန်အိပ်ချိန် စတင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ရှည်လျားတဲ့ တစ်နေ့တာပြီးဆုံးချိန် နွမ်းနယ်ပြီး ရေချိုးဖို့ ပစ်ပစ်ခါခါငြင်းနေတဲ့ ကလေးကို ရေချိုးပေးဖို့ သိပ်လွယ်လှပါဘူး။ "ကလေးတွေကို မနက် ရေမချိုးပေးရ" ဆိုတဲ့ ပညတ်ချက်မရှိဘူးဆိုတာလေး သိထားပါ။
ဖြည်းဖြည်းချင်း လေ့ကျင့်ပါ
သင့်ကလေး ရေချိုးကန်ထဲ ဝင်ဖို့ ကြောက်လန့်နေပါက ဖြည်းဖြည်းချင်းလေ့ကျင့်ပေးပါ။ ရေမြုပ်ချည်းနဲ့ ၃ ည၊ ရေမပါတဲ့ ရေချိုးကန်ထဲ ရေမြုပ်နဲ့ နောက်ထပ် ၃ ည၊ နောက် ရေ ၁လက်မလောက်ထည့် စသဖြင့် တစ်ဖြည်းဖြည်း မကြောက်အောင် အလေ့အကျင့်လေး လုပ်ပေးပါ။
Admin@trend
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: