About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

Xiaomi က Mi Router HD ကို မိတ်ဆက်

တရုတ် အီလက်ထရောနစ် ကုမ္ပဏီ ရှောင်မီက အမေရိကန် ပြည်ထောင်စု လတ်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ Consumer Electronics Show ( CES 2017 ) နည်းပညာပြပွဲမှာ Mi Router HD ကို မိတ်ဆက်လိုက်ပါတယ်။ Xiaomi Mi Router HD ဟာ WiFi 802.11ac ကို အထောက်အပံ့ပေးပြီး တစ်စက္ကန့်လျှင် 2600Mb အမြန်နှုန်း အထိ ပံ့ပိုးပေးပါတယ်။
Mi Router HD မှာ 4×4 MU-MIMO စွမ်းရည်နဲ့ High-Gain PCB Array Antenna ၄ ခု တပ်ဆင်ထားပါတယ်။ Qualcomm ရဲ့ IPQ8064 Network Processor မောင်းနှင်ထားပါတယ်။ 1TB သို့မဟုတ် 8TB Surveillance Quality Hard Drive များ ရွေးချယ်နိုင်ပါတယ်။ Hard Drive များဟာ သင့်ရဲ့ Devices များကို Backup လုပ်ဖို့နဲ့ သင့်ရဲ့ Dropbox အကောင့်နဲ့ Synchronize ပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Mi Router HD ကို အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ တရုတ်မှာ ဇန်န၀ါရီလနဲ့ မတ်လအတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 1TB Model ကို ဒေါ်လာ ၂၀၀ နဲ့ 8TB Model ကို ဒေါ်လာ ၅၀၀ သတ်မှတ်ထားပါတယ်။
Admin@digitaltime

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: