About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook တွင် သိမ်းဆည်းနည်းနဲ့ မျှဝေနည်း

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook မှာ သိမ်းလို့ မရခဲ့ပါဘူး။ ဒီလိုပြုလုပ်နိုင်ဖို့ Facebook က Chrome Extension ၂ ခုကို မကြာမီက ပြုလုပ်ပေးခဲ့ပါတယ်။ Save to Facebook နဲ့ Share to Facebook တို့ဖြစ်ကြပြီး Chrome Browser ကနေ ၀က်ဆိုက်များကြည့်တဲ့အခါမှာ ပို့စ်များကို Facebook မှာသိမ်းဆည်းနိုင်သကဲ့သို့ မျှဝေနိုင်ပါတယ်။
Chrome Extension ၂ ခုကို Chrome Web Store မှာ ရှာပြီး Install လုပ်ပါ။
ဝက်ဆိုက်များမှ ပို့စ်များကို Facebook တွင် သိမ်းဆည်းနည်း
Extension များကို Chrome မှာ Install လုပ်ပြီးရင် Chrome ကနေ ၀က်ဆိုက်များ ကြည့်ပါ။ သင် နှစ်သက်တဲ့ သတင်း၊ ဆောင်းပါးကို Facebook မှာ သိမ်းဆည်းချင်ရင် Extension Bar ကနေ Save to Facebook ကို နှိပ်ပါ။
1
သိမ်းပြီးသွားရင် Saved လို့ ပြသပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အောက်မှာ သင် ယခင်က Facebook မှာ သိမ်းထားတဲ့ ပို့စ်များကို ပြသပေးထားပါတယ်။ သိမ်းထားတဲ့ ပို့စ်များကို Facebook မှာ ရှာချင်ရင် မိုဘိုင်းဖုန်းများအတွက် Menu ကနေ Saved ထဲသွားပါ။ Desktop , Laptop များမှာ ဆိုရင် News Feed ရဲ့ ဘယ်ဘက် ကဏ္ဍမှ Saved ထဲသွားပါ။
2
ဝက်ဆိုက်မျာမှ ပို့စ်များကို Facebook တွင် မျှဝေနည်း
သင်နှစ်သက်တဲ့ သတင်း ၊ ဆောင်းပါးများကို လူမှုကွန်ရက်များမှာ လွယ်ကူစွာ မျှဝေနိုင်ဖို့ ၀က်ဆိုက်များမှာ Social Sharing Button များ ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် ထည့်သွင်းပေးခြင်း မရှိတဲ့ ၀က်ဆိုက်များလည်း ရှိနေပါတယ်။ အဲဒီဝက်ဆိုက်များမှ ပို့စ်များကို Facebook မှာ မျှဝေချင်ရင် Share to Facebook ကို သုံးနိုင်ပါတယ်။ Facebook မှာ မျှဝေချင်တဲ့ ပို့စ်ကို တွေ့ရင် Extension Bar ကနေ Share to Facebook ကို နှိပ်ပါ။
3
သင်နှစ်သက်ရာ Status များလည်း ရေးသားနိုင်ပါတယ်။ Friends, Public, Only Me စသဖြင့် Privacy ကို ရွေးချယ်ပြီးရင် Post to Facebook ကို နှိပ်ပါ။
4

Admin@digitaltime 

ကိုမိုး(နည်းပညာ)

www.komoe.org
Share
Banner

ကိုမိုး

Post A Comment:

0 comments: