About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အမှန်တကယ်လူကြည့်များသည့် ဗွီဒီယိုအရှည်များကို Facebook မှ ဆုချီးမြှင့်မည်

Facebook ဟာ ကိုယ့်ရဲ့သတင်းသစ် new Feeds ပေါ်က သူ့ ရဲ့ ဗွီဒီယိုရွေးချယ်မှုပုံစံကို ပြောင်းထားပါတယ်။ ဒီတစ်ခါမှာတော့ လူကြိုက်များတဲ့ ဗွီဒီယိုအရှည်များကို ရွေးထုတ်ပြီး ဆုချီးမြှင့်တဲ့ နည်းလမ်းသစ်ကို သုံးထားပါတယ်။ဆုချီးမြှင့်မယ့် ပုံစံက လူကြည့်များသည့် ဗွီဒီယိုကလစ်များကို Facebook မှတစ်ဆင့် လူပိုကြည့်လို့ ရအောင် ကူညီပြီး ဖြန့် ပေးသွားမှာပါ။
play

ဒီနည်းလမ်းသစ်အရ ကြည့်လိုက်တဲ့ ဗွီဒီယိုတစ်ခုချင်းစီရဲ့ ကြည့်ရှုမှုရာခိုင်နှုန်းအလိုက် လူကြိုက်များမများဆိုတဲ့ algorithm ရဲ့ သတ်မှတ်ချက်ထဲကို ဝင်သွားမှာ ဖြစ်ပါတယ်။ ဗွီဒီယိုကို အပြည့်အစုံဖြစ်စေ တော်တော်များများကို ဖြစ်စေ ကြည့်လိုက်တာနဲ့ ဒီဗွီဒီယိုဟာ စိတ်ဝင်စားဖို့ ကောင်းနေတယ်လို့  Facebook မှ သတ်မှတ်ထားပါတယ်။ တကယ်လို့ ပိုပြီး အချိန်ကြာမြင့်တဲ့ ဗွီဒီယိုတစ်ခုကို ကြည့်နေမယ်ဆိုရင် ဗွီဒီယိုအတိုအထွာကို ကြည့်တာထက် ပိုပြီး စိတ်ဝင်စားစရာကောင်းပြီး လူကြိုက်များတဲ့ဗွီဒီယိုလို့ ပဲ algorithm ကယူဆသွားမှာပါ။ Facebook ရဲ့ ကြည့်ရှုသူအရေအတွက်ကို မှတ်သားတဲ့ပုံစံကတော့ အနည်းဆုံး သုံးစက္ကန့် ကနေစပြီး ကြည့်သွားတဲ့ အကြိမ်ရေကို မှတ်သွားမှာ ဖြစ်ပါတယ်။ ကြည့်တဲ့အချိန်ကာလ ကြာမြင့်လေလေ ဗွီဒီယိုတွေရဲ့ ranking ကတက်လေလေ ဖြစ်သွားမှာပါ။

 ဒီတော့ Facebook ရိုးရိုးသုံးသူတစ်ယောက်ဆို အရင်ကထက် ပိုမိုရှည်လျားတဲ့ဗွီဒီယိုတွေကို ကြည့်လို့ ရတော့မှာ ဖြစ်ပါတယ်။ ပေ့ခ်ျထောင်ထားတဲ့သူတစ်ယောက်ဆိုရင်တော့ ဗွီဒီယိုကလစ်အရှည်တွေကို ကိုယ့်ပေ့ခ်ျမှာ တင်လိုက်လို့ လူကြည့်များလာတာနဲ့ အမျှ Facebook ကနေ လူပိုကြည့်နိုင်အောင် ဝိုင်းပြီး ဖြန့် ပေးသွားမှာပါ။
အစောပိုင်းသတင်းများအရ Facebook ဟာ Messenger မှတစ်ဆင့် အစမ်းကြော်ငြာဝင်မှုတစ်ချို့ ကို ထိုင်းနဲ့ သြစတြေးလျမှာ စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ယခုလ အစောပိုင်းကလည်း ကြော်ငြာဗွီဒီယိုတိုတွေကို ကြားဖြတ်ပြသသွားတော့မယ်လို့ Facebook သတင်းထုတ်ပြန်ထားပါတယ်။ Facebook အနေနဲ အနည်းဆုံးစက္ကန့် ၂၀ ခန့် ကြာမယ့် ကြေငြာဗွီဒီယိုများကို စမ်းသပ်သုံးစွဲသွားဖို့ လုပ်နေပါတယ်။ နောက်များမှာ ဈေးကွက်ပိုစည်စေမယ့် ပိုမိုအချိန်ကြာမြင့်တဲ့ ads video များတင်ဆက်သွားဖို့ စီစဉ်နေပါတယ်။
play

ယခုလိုသာ အချိန်ကြာမြင့်သည့်ဗွီဒီယိုများကို Facebook မှ လမ်းဖွင့်ကူညီပေးသွားမယ်ဆိုရင် စီးပွားရေးလုပ်ငန်းဆိုင်ရာ Facebook page များအနေနဲ့ ဗွီဒီယိုကလစ်အရှည်များကို တင်လာဖွယ်ရှိပါတယ်။ Facebook ဟာ ကြော်ငြာစီးပွားရေးကို နည်းအမျိုးမျိုးနဲ့ ထိုးဖောက်နေပါတယ်။ လူမှုကွန်ယက်ကို ကျယ်ကျယ်ပြန့် ပြန့် ပုံမှန်သုံးနေကြပြီ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ Facebook ရဲ့အမာခံပရိတ်သတ်ဖြစ်တာကြောင့် ပြည်တွင်း စီးပွားရေး Page များအနေနဲ့ ဒီအချက်ကို ပိုင်ပိုင်နိုင်နိုင်သုံးပြီး ဈေးကွက်နယ်အကန့် ကို ချဲ့ သထက် ချဲ့ လာဖို့ ရှိနေပါတယ်။

Admin>>>duwum.com.mm





Share
Banner

ကိုမိုး

Post A Comment:

0 comments: