About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

မိမိကိုယ်ရေးအချက်အလက်တွေ လုံခြုံစွာထိန်းသိမ်းဖို့ အခုပဲ ဖုန်း settings တွေပြောင်းထားသင့်


ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖန်တီးဖြစ်ပေါ်လာတဲ့ ဆက်သွယ်ရေးကိရိယာတွေကြောင့် မိမိတို့ privacy အလွယ်တကူ ချိုးဖောက်ခံရနိုင်တဲ့ အနေအခြေမှာ ကျွန်ုပ်တို့ နေထိုင်နေကြရပါတယ်။ ကျွန်ုတို့အများစုအတွက် စမတ်ဖုန်းရှိခြင်းရဲ့ အားသာချက်က အားနည်းချက်ထက် ပိုအလေးသာပေမယ့် ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အထောက်အထားတွေနဲ့ ဒေတာအချက်အလက်တွေ အခိုးခံရမှာ ကြောက်စရာမလိုဘူး ပြောလို့မရပါဘူး။ ဒီလိုမဖြစ်အောင် တားဆီးဖို့ အကောင်းဆုံးနည်းလမ်းက မိမိအချက်အလက်တွေ လုံခြုံစေဖို့ အောက်ပါအချက်တွေအတိုင်း ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။
မိမိဒေတာအချက်အလက်တွေ လုံခြုံစွာ ထိန်းသိမ်းဖို့ လုပ်ထားသင့်တဲ့ ဖုန်း settings (၅) ခုကတော့…
၁။ Home screen feature တွေ turn off ပြုပါ
Settings မှာ Touch ID & Passcode ကို သွားပြီး lock screen access တွေ့အောင် အောက်ဆင်းရပါမယ်။  ဖုန်း locked လုပ်ထားတဲ့အချိန်မှာ မက်ဆေ့ခ်ျတွေ ပြန်ပေးမယ့် wallet access and the possibility ကို turn off လုပ်ပါ။ 
၂။ Wi-Fi setting ထဲက 'Ask to join network' ကို turn on လုပ်ပါ
တကယ်လို့ သင့်ဖုန်းက hotspot တွေကို အော်တိုချိတ်ဆက်နေပါက သင့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အသိပေးချက်မရှိဘဲ ခိုးခံရနိုင်ခြေရှိပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဖုန်းအင်တာနက်နဲ့ပဲ သုံးတာ ပိုကောင်းပါတယ်။ နို့မဟုတ်ပါက public Wi-Fi network အတူသုံးနေစဉ် ကျွမ်းကျင်သူတွေ သင့်စက်ကို ချိတ်ဆက်ပြီး သူတို့ လိုချင်တဲ့ အချက်အလက်တွေကို ခိုးယူနိုင်ပါတယ်။
၃။ Turn off Location လုပ်ပါ
App တွေကို စစ်ဆေးပြီး Location အတွက် On လုပ်ထားတဲ့ app တွေကို လိုက်ပိတ်ဖို့ လိုပါတယ်။
၎။ VPN သုံးပါ
VPN က အချက်အလက်တွေ ဝင်ကြည့်လို့ မရအောင် ဟန့်တားထားပြီး ဒေတာအဝင်အထွက်တွေ ခြေရာခံလို့မရအောင် ကာကွယ်ပေးပါလိမ့်မယ်။
၅။ ကုဒ်နံပါတ် ၆ ပေးပါ
သင့်ဖုန်းကို နံပါတ် ၆ လုံးဖြင့် passcode ခံထားပါ။ 
Ref: Shefinds 
Admin>>>Trednd.com.mm

ကိုမိုး(နည်းပညာ)

Share
Banner

ကိုမိုး

Post A Comment:

0 comments: