About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

‘Star Wars : Force Arena’ ဂိမ်း ကို Play Store မှာ Download လုပ်နိုင်ပြီ

ပြီးခဲ့တဲ့ (၂၀၁၆) နိုဝင်ဘာလတုန်းက Google Play Store ပေါ်မှာ pre-registration ဖွင့်ပေးထားခဲ့တဲ့ Star Wars : Force Arena ဟာ အခုအချိန်မှာတော့ Download ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
ဒီ ဂိမ်းဟာ limited beta အဖြစ်နဲ့ အချိန်အတော်ကြာရှိနေခဲ့တဲ့အတွက် ဒီသတင်းဟာ စောင့်မျှော်နေတဲ့ ပရိတ်သတ်တွေကို ဝမ်းသာစေမယ့် သတင်းထူးတစ်ခုဖြစ်လို့လာပါတယ်။ အခုအချိန်မှာတော့ ဒီဂိမ်းကို အခမဲ့ ဒေါင်းလုဒ် ရယူပြီး Galaxy အတွင်းမှာ ဝေးနိုင်သမျှ ခရီးနှင်ကာ စွန့်စားခန်းတွေ စတင်နိုင်ပြီပဲဖြစ်ပါတယ်။
Star Wars : Force Arena ဟာ Star Wars ဂိမ်း အသစ်တစ်ခု သက်သက်မဟုတ်ဘဲ iconic heroes တွေ နဲ့ characters တွေ အကုန်လုံး တစ်စုတစ်ဝေးတည်း ထည့်သွင်းပေးထားတဲ့ Version တစ်ခုလည်းဖြစ်ပါတယ်။ Rouge One: A Star Wars Story ထဲက hero အသစ်တွေတောင် ပါဝင်တဲ့အတွက် Jyn Erso နဲ့ Cassian Andor တို့ကို မြင်တွေ့ရမှာပါ။ Characters တွေနဲ့ Units ပေါင်း (၈၀) ကျော်ကို အဆင့်မြှင့်တင်နိုင်မှာ ဖြစ်လို့ galaxies တွေအားလုံးကို အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။
xg
သင့် Star Wars စူပါဟီးရိုးတွေအားလုံးကို squad အဖြစ် စိတ်ကြိုက်ရွေးချယ်နိုင်ပြီး သင်တစ်ယောက်တည်း (ဒါမှမဟုတ်) သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တိုက်ခိုက်နိုင်စေမယ့် Guild mode လည်းပါဝင်ပါတယ်။
အောက်မှာ Play Store Link ထည့်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Download ပြုလုပ်လို့မရရင်တော့ Hola လိုမျိုး app တွေသုံးကာ နိုင်ငံပြောင်းပြီး Download ပြုလုပ်ပါ။


ကိုမိုး(နည်းပညာ)
WWW.komoe.org

Share
Banner

ကိုမိုး

Post A Comment:

0 comments: