
Huawei အနေနဲ့ P8 Lite 2017 version ကို အခုလ(ဇန်နဝါရီ) အကုန်မှာ ဥရောပ ဈေးကွက်အတွင်းကို မိတ်ဆက်ရောင်းချတော့မှာ ဖြစ်တယ်လို့သိရပါတယ်။
အခုထပ်မံ ထုတ်လုပ်မယ့် Lite model အသစ်ဟာ ပြီးခဲ့တဲ့ (၂)နှစ်အကြာက ထွက်ရှိခဲ့တဲ့ P8 Lite ကို အဆင့်မြှင့်တင်ပြီး 2017 version အဖြစ် ထပ်မံထုတ်လုပ်တာဖြစ်ပြီး 1080p resolution ထောက်ပံ့မယ့် 5.2” IPS display နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
ဒီဇိုင်းပိုင်းကိုတော့ ဆွဲဆောင်မှုရှိအောင်ဖန်တီးထားပြီး P8 နဲ့ P9 handsets တွေနဲ့ မဆင်တူဘဲ နောက်ပိုင်းထွက်ရှိတဲ့ Honor handsets တွေနဲ့ အတော်လေး ဆင်တူနေတာတွေ့ရပါတယ်။
P8 Lite (2017) ကိုလည်း GR5 2017 မှာသုံးထားတဲ့ octa-core A53 processor နဲ့ Mali-T830MP2 GPU တို့ကို တွဲဖက်အသုံးပြုထားတဲ့ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် Mid-range Kirin 655 chip ကိုအသုံးပြုထားပြီး 3GB RAM နဲ့ 16GB storage ပါဝင်မှာဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့တော့ f/2.0 aperture နဲ့ 12MP main camera နဲ့အတူ 8MP selfie camera ကို တွဲဖက်အသုံးထားပြီး ဖြုတ်လို့မရတဲ့ 3000mAh battery ကို အသုံးပြုထားပါတယ်။
2017 version ဖြစ်တာနဲ့အညီ Android 7.0 (Nougat) နဲ့ထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ (၂၃၉) ဒေါ်လာ ဖြစ်ကာ အခုလအကုန်မှာ ဥရောပ ဈေးကွက်မှာ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။
Admin@digitaltime
ကိုမိုး(နည်းပညာ)
www.komoe.org
Post A Comment:
0 comments: