About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

အိန္ဒိယက ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၁၀၄ လုံးကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

အိန္ဒိယက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုများအနက် အလေးချိန် ပေါင် ၁,၅၀၀ ကျော်ရှိတဲ့ ဂြိုဟ်တုကြီးတစ်လုံး ပါဝင်ပါတယ်။




အိန္ဒိယဒုံးပျံဖြင့် ဂြိုဟ်တု ၁၀၄ လုံး လွှတ်တင်မှု

အိန္ဒိယနိုင်ငံက ဂြိုဟ်တု ၁၀၄ လုံးကို ဒုံးပျံတစ်စင်းတည်ဖြင့် အောင်မြင်စွာလွှတ်တင်ခဲ့ပြီး သမိုင်းဝင် စံချိန်သစ်တင်လိုက်နိုင်ကြောင်း သိရပါတယ်။ ယခင် ရုရှားနိုင်ငံက ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၃၉ လုံးကို လွှတ်တင်ခဲ့ပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယက ဒုံးပျံတစ်စင်းတည်းဖြင့် ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) လွှတ်တင်ခဲ့တဲ့ ဂြိဟ်တု ၁၀၄ ခုအနက် အိန္ဒိယနိုင်မှ ဂြိုဟ်တု ၃ ခုသာ ပါဝင်ပြီး ကျန် ဂြိဟ်တုများမှာ အခြားနိုင်ငံများမှဖြစ်ကြောင်း သိရပါတယ်။ ကာာဇက်စတန်၊ နယ်သာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အမေရိကန်တို့မှ ဂြိုဟ်တု ၉၆ ခု ပါဝင်တယ်လို့ ဆိုပါတယ်။
play

အိန္ဒိယဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ရှိတဲ့ ကမ္ဘာ့အာကာသဈေးကွက်မှာ နေရာရလာနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ဂြိုဟ်တုဆက်သွယ်ရေးမှာလည်း အခြား အဓိကပြိုင်ဘက်များနဲ့ ယှဉ်ပြိုင်ရန် ဆောင်ရွက်နေပြီး ကုန်ကျစရိတ်သက်သာတဲ့ အာကာသ အစီအစဉ်တွေကိုလည်း ဖော်ဆောင်လျက်ရှိပါတယ်။ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေး အဖွဲ့အစည်း (Indian Space Research Organisation - ISRO) က ဂြိုဟ်တု ၁၀၄ ခု သယ်ဆောင်သွားတဲ့ ဒုံးပျံကို အိန္ဒိယတောင်ပိုင်းရှိ Sriharikota အာကာသစခန်းမှ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒုံးပျံလွှတ်တင်မှုကို အိန္ဒိယ ရုပ်မြင်သံကြား သတင်းဌာနများက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ကြောင်း သိရပါတယ်။ "ကျွန်တော်တို့ တစ်ယောက်ချင်းစီနဲ့ အားလုံးအတွက် ကြီးမြတ်တဲ့ အခိုက်အတန့်ပါပဲ။ ဒီနေ့မှာ ကျွန်တော်တို့ သမိုင်းတွင်နိုင်ခဲ့ပြီ" လို့ ဒုံးပျံလွှတ်တင်ရေး စီမံကိန်းညွှန်ကြားရေးမှူး ဘီဂျယာကူးမားက ပြောပါတယ်။ ဒုံးပျံလွှတ်တင်မှု အောင်မြင်ခဲ့ခြင်းအပေါ် အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း တွစ်တာမှာ ချီးကျူးဂုဏ်ပြုထားပါတယ်။
အိန္ဒိယက လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုများအနက် အလေးချိန် ပေါင် ၁,၅၀၀ ကျော်ရှိတဲ့ ဂြိုဟ်တုကြီးနဲ့ စုစုပေါင်း အလေးချိန် ပေါင် ၁,၅၀၀ နီးပါးရှိ အခြား သေးငယ်တဲ့ ဂြိုဟ်တု ၁၀၃ ခု ပါဝင်ကြောင်း သိရပါတယ်။ အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့အစည်း ISRO က NASA က စီစဉ်နေသကဲ့သို့ ဗီးနပ်စ်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ် စူးစမ်းလေ့လာရေးကိုလည်း ကိုယ်တိုင်လုပ်ဆောင်သွားရန် ကြိုးပမ်းနေကြောင်း  သိရပါတယ်။
Soruce & Photo:
duwun.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: