About

Labels

slider

Computer Pro Software,Android application & IT Technology and Game
Powered by Blogger.

Navigation

သတ်မှတ်ရက်မကျော်လွန်မီ SIM Card မှတ်ပုံတင်ကြရန် Telenor တိုက်တွန်း

နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ဆင်းကတ်မှတ်ပုံတင်ရန် နောက်ဆုံးရက်အမှီ မိမိတို့၏ ဆင်းကတ်များကို မှတ်ပုံတင်ထားရှိကြပါရန် သုံးစွဲသူများကို တယ်လီနောက တိုက်တွန်းလိုက် ကြောင်းသိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ပဏီများအားလုံးကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက် နေ့ မတိုင်မီ သုံးစွဲသူများ၏ ဆင်းကတ်များအားလုံး မှတ်ပုံတင်ထားရန် ညွှန်ကြားထားသည့်အတွက် သတ်မှတ်ရက်မကျော်လွန်မီ မှတ်ပုံတင်ပြီးစီးရင်အတွက် တယ်လီနောမှ ယခုကဲ့သို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“တယ်လီနောအနေနဲ့ သုံးစွဲသူတွေအနေနဲ့ အွန်လိုင်းနဲ့ လက်လီ အရောင်းဆိုင်တွေမှာ အဆင်ပြေပြေချောချောမွေ့မွေ့ ဆင်းကတ်မှတ်ပုံတင်နိုင်စေဖို့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာ တယ်လီနော သုံးစွဲသူစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်း ခန့်ဟာ စီစဉ်ပေးထားတဲ့ ချန်နယ်ပေါင်းစုံကနေ မှတ်ပုံတင်ထားကြပြီးဖြစ်လို့ ကျနော်တို့အနေနဲ့ အားတက်ရပါတယ်။ ဆင်းကတ် မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ဟာ ရက်ပေါင်း ၄၀ သာသာ ခန့်သာ ကျန်တော့တာမို့ ကျန်ရှိနေသေးတဲ့ ၃၀ ရာခိုင်နှုန်းသော သုံးစွဲသူတွေကိုလည်း မှတ်ပုံတင်ထားကြဖို့ တယ်လီနောအနေနဲ့ ဆက်လက်တိုက်တွန်း နှိုးဆော် လိုပါ တယ်” ဟု တယ်လီနော၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့ကြောင်းသိရသည်။
အွန်လိုင်းမှ တစ်ဆင့်မှတ်ပုံတင်ရန် သုံးစွဲသူများအနေနှင့် မည်သည့် မိုဘိုင်းလ် (သို့) ဝိုင်ဖိုင်အင်တာနက် ကွန်ရက်မှ မဆို http://ecaf.telenor.com.mm သို့ ဝင်ရောက်ပြီး မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ မိုဘိုင်းလ် အက်ပလီကေးရှင်းမှ တဆင့် မှတ်ပုံတင်ရန်အတွက် အန်းဒရိုက်ဖုန်းဖြစ်စေ အိုင်ဖုန်းဖြစ်စေ ‘My Telenor’ app ကိုhttp://bit.ly/mytelenor24 တွင် ဒေါင်းလုဒ်ရယူနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ဆင်းကတ် မှတ်ပုံတင်နိုင်ပြီ ဖြစ်ကြောင်း အမှတ်အသား ထားရှိသော ဆင်းကတ် လက်လီ အရောင်း ဆိုင်ပေါင်း ၄၂,၀၀၀ ကျော်သည် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ၀န်ဆောင်မှုများအား ပေးအပ် နေပြီဖြစ်ပါသည်။ မြန်မာ နိုင်ငံအနှံ့ အဓိကမြို့ကြီးမြို့ငယ်များရှိတယ်လီနော၏ အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့်တွင်လည်း ဆင်းကတ် မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်လျက်ရှိသည်။
တယ်လီနောသည် အပတ်စဉ်နှင့် လစဉ် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ကိုလည်း နိုင်ငံအနှံ့ ပြုလုပ်နေပြီး သုံးစွဲသူများအား မှတ်ပုံတင် ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ချက်ခြင်းထိုနေရာတွင်ပင် မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့ပြင် နိုင်ငံတစ်ဝှမ်းမှ တယ်လီနော သုံးစွဲသူများ သတ်မှတ်ရန်အမှီ ဆင်းကတ် မှတ်ပုံတင်ခြင်းပြီးစီးစေရေး အထောက်အကူပြုရန် မြို့နယ်ပေါင်း ၅၂ ခုရှိ အလင်းအိမ်စင်တာများနှင့် ပူးပေါင်း ဆောင်ရွက် ထားပါသည်။ ဆင်းကတ်မှတ်ပုံတင်ခြင်းအတွက် အခြားအဖွဲ့အစည်းများနှင့် ထပ်မံပူးပေါင်းမည့် အစီအစဉ်များကိုလည်း မကြာမီ ထပ်မံ အသိပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။  
ဆင်းကတ်များ မှတ်ပုံတင်ရန်မှာ ဥပဒေကြောင်းအရပြဌာန်းသတ်မှတ်ချက်တစ်ခု ဖြစ်ပြီး ဆင်းကတ်ကို မှတ်ပုံတင်ထားခြင်း ဖြင့် သုံးစွဲသူများအနေနှင့် မိုဘိုင်းမှတစ်ဆင့် ဆောင်ရွက် နိုင်သော ငွေရေး ကြေးရေး ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးခြင်း သို့မဟုတ် ဝန်ဆောင်မှု ဆိုင်ရာ ပြဿနာများ ရှိလာပါက ဖြေရှင်းနိုင် သည့် အကျိုးကျေးဇူးများကို ရရှိကြမည် ဖြစ်သည်။
ဆင်းကတ်များကို မှတ်ပုံတင်ထားခြင်းမရှိပါက နိုင်ငံတော် အစိုးရက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု မရှိသည့်အတွက် သက်ဆိုင်ရာ ဆက်သွယ်ရေး ၀န်ဆောင် မှု ကုမ္ပဏီများမှ ပေးအပ်ထားသော မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုများ ပြတ်တောက်သွားမည် ဖြစ်ပြီး ဆင်းကတ် မှတ်ပုံတင်ပြီးမှသာ ၀န်ဆောင်မှုများ ပြန်လည် ရရှိမည် ဖြစ်ကြောင်းသိရသည်။
digitaltimes.com.mm
Share
Banner

ကိုမိုး

Post A Comment:

0 comments: